images
UN
UN
မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး
ကျော်ဝဏ္ဏ Tuesday, 05 November 2019
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် အောက်တို ဘာ ၂၈ရက်က အမှတ်(၃)ရပ်ကွက် စိန့်ထရေဇာဘုရားရှိခိုး ကျောင်းအတွင်းရှိ အမျိုးသမီးဘော်ဒါဆောင်မီးလောင်မှုဖြစ်ပွား ခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျောင်းသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားများအား အသစ်ပြန်လည်ပြုလုပ်ပေးခြင်းကို ယမန့် နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဘုရားကျောင်းအတွင်းရှိ မီးဘေးသင့်အမျိုးသမီး ဘော် ဒါဆောင်နေ ကျောင်းသူ ၂၉ဦးအနက် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျောင်းသူ ၂၈ဦး၏ အသက်(၁ဝ)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။