images
UN
UN
တဘူးလှဆည်နယ်မြေအတွင်းစကားများရာမှ သေနတ်ပစ်မှုဖြစ်ပွား
ထွန်းလှိုင်(မြိုင်) Tuesday, 05 November 2019
တိုက်ကြီးမြို့နယ် ချောင်း ဆောက်ကျေးရွာအုပ်စု တမံ(၁) ကျေးရွာနှင့် တဘူးလှဆည် တမံ (၂)အကြားရှိ ပုဒ်မ ၁၄၄ထုတ်ထား သော နယ်မြေအတွင်း ယမန်နေ့ ည ၁ဝနာရီခွဲခန့်က သစ်တော ဦးစီးဌာနမှ တောခေါင်းအောင် ကျော်ဇင်နှင့် သစ်တောရဲမှ ဒုတက မောင်လှစံတို့ စကားများရန်ဖြစ်ပြီး သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိ ရသည်။
ဖြစ်စဉ်မှာ သစ်တောဦးစီးဌာန တောခေါင်း ဦးအောင်ကျော်ဇင် သည် ယခုလ ၃ရက် ည ၉ နာရီ တွင် တမံ(၁)ကျေးရွာရှိ သစ်တော စခန်းသို့ တရားမဝင်သစ်ဖမ်းဆီး ရန်သတင်းကြားသဖြင့်သွားရောက် စဉ် အဆိုပါစခန်း၌ တာဝန်ကျ သစ်တောရဲများဖြစ်သော တက ငွေဖြိုး၊ ဒုတက မောင်လှစံ၊ တသ ကျော်နိုင်တို့သုံးဦးမှာ အရက်သေ စာ သောက်စားနေသည်ကိုတွေ့ရှိရ ပြီး၎င်းတို့သုံးဦးမှာ တဘူးလှဆည် တမံ(၂)သို့ ဖမ်းဆီးရေးထွက်ခွာ သွားကြောင်းသိရသဖြင့် သစ်တော ဦးစီးဌာနမှ ဘိနယ်တာဝန်ခံ တော ခေါင်းအောင်ကျော်ဇင်က ညအချိန် ဖြစ်သဖြင့်တမံ(၁)ကျေးရွာမှ သက် သေအဖြစ် ရွာသားကိုအောင်မျိုး ဦး၊ ကိုဖိုးကျော်တို့အား ခေါ်ယူပြီး ည ၉ နာရီခွဲခန့်တွင် လိုက်သွားရာ တမံ(၂)တွင် သစ်တောရဲဒုတက မောင်လှစံအားတွေ့ရှိခဲ့ပြီး ဒုတက မောင်လှစံမှ တောခေါင်းအောင် ကျော်ဇင်အား 'ဘယ်သူ့တွေလဲ' ဟုမေးရာ ပလုံဘိနယ်တာဝန်ကျ တောခေါင်းဦးအောင်ကျော်ဇင်ဟု ဖြေဆိုရာ 'မင်းကိုမေးတာမဟုတ် ဘူး' ဟိုနှစ်ကောင်ကိုမေးတာဟု ပြောကြားပြီး 'သစ်ပိုင်ရှင်ဘယ် သူလဲ'မေးရာဦးအောင်ကျော်ဇင်က မသိကြောင်း ပြောကြားခဲ့သဖြင့် သစ်တောရဲ ဒုတက မောင်လှစံက သေနတ်ပြောင်းဘက်မှကိုင်၍ သေ နတ်ကိုယ်ထည်ဖြင့် တောခေါင်း အောင်ကျော်ဇင်အား တစ်ချက် ရိုက်ရာ ဝဲလက်ဖြင့် ကာလိုက် သဖြင့် လက်တွင်ဖူးရောင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆဲဆိုကာ ပစ်သတ်မည်ဟု ပြောဆိုသဖြင့် တောခေါင်းအောင်ကျော်ဇင်မှာ တမံ(၁)သို့ပြန်လာစဉ် လမ်းတစ် ဝက်၌ သေနတ်ပစ်ဖောက် သံ တစ်ချက်ကြားခဲ့ကြောင်း၊ ထမ်မံ၍ ည ၁ဝ နာရီခွဲခန့်တွင် သေနတ် တစ်ချက်ပစ်ဖောက်ခဲ့ကြောင်း၊ ထပ်မံ၍ ၁၁နာရီခွဲခန့်တွင် သေနတ် တစ်ချက် ပစ်ဖောက်ခဲ့ကြောင်း၊ စုစုပေါင်း အကြောင်းမဲ့ သေနတ် သုံးချက်ခြိမ်းခြောက်ပစ်ဖောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယမန်နေ့ည၁၂နာရီခွဲခန့်တွင် အခင်းဖြစ်နေရာသို့ တောအုပ်ကြီး ဦးလှဝင်း၊ ဦးလှမောင်တောအုပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက် စစ်ဆေးရာကျွန်းဘုံ တို (၂)လုံး (သုညဒသမ၁၂)တန်၊ ချဉ်ယုတ်ခွဲသားလေးချောင်း(သုည ဒသမ ၅၂၁၆)တန်တို့အား ဖမ်းဆီး ရမိခဲ့ပြီး သစ်များအား တမံ(၁)နယ် မြေခံရုံးတွင်သိမ်းဆည်းထားလျက် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။