images
UN
UN
ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်ခဲတံများလှူဒါန်း ကျောင်းကထိန်သင်္ကန်းအတွက် ငွေလှူဒါန်း
ကြည်စိုးလွင်(သုံးခွ) Tuesday, 05 November 2019
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စု ပျဉ်းမ ကုန်းကျေးရွာ''ရတနာအုဋ်ကျောင်း''ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသို့ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးသောင်းအေး၊ ဦးဝင်းဟန်၊ ဒေါ်ဥမ္မာဝင်းနှင့်တိုက်နယ်တာဝန်ခံဦးကြည်ဝင်းတို့သည် ယနေ့နံနက် ၁ဝနာရီက ယင်းကျောင်း၌ကျောင်းသားကျောင်းသူများလိုအပ်လျက် ရှိသော ဗလာစာအုပ်၊ ခဲတံများကို လှူဒါန်းခဲ့ပြီး ကျောင်းကထိန် သင်္ကန်းအတွက် ငွေကျပ်သုံးသောင်းတိတိကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဦးမြင့်နှင့် ကော်မတီဝင်များတွေ့ဆုံ၍ ပါတီဝင်အင်အားတိုးမြှင့်နိုင်ရေးနှင့် ပါတီ၏ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားပြောကြားခဲ့ပြီး ကျေးရွာပါတီကော်မတီများက တင်ပြမှုများအားညှိနှိုင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။