images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်းအနား အင်းစိန်မြို့နယ်ပါတီရုံး၌ကျင်းပ
ဝင်းမြင့်ဦး(ဆိပ်/တို) Tuesday, 05 November 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသ ကြီးမြောက်ပိုင်းခရိုင်နှုတ်မှုစွမ်းရည် ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အင်းစိန်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ် ခဲ့ကြသည်။
အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း ကပြိုင်ပွဲကျင်းပရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်ရှစ် မြို့နယ်မှ ပြိုင်ပွဲဝင်ပါတီလူငယ် များက နှုတ်မှုစွမ်းရည်များ ယှဉ် ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲ ဝင်များမှ ပထမဆုရရှိသူ ရွှေပြည် သာမြို့နယ်မှ မအင်ကြင်းဖြူနှင့် ဒုတိယဆုရရှိသူ အင်းစိန်မြို့နယ်မှ မနှင်းအိအိရွှေရည်တို့အား ဂုဏ်ပြု ဆုများချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုရရှိ သူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယနေ့ကျင်းပ သည့် မြောက်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီ နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး၌ကျင်းပမည့် နှုတ်မှုစွမ်း ရည်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်း၊ ဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုး နှင့် ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးအိ၊ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးတင်ယု နှင့်ခရိုင်ကော်မတီဝင်များ၊ မြောက် ပိုင်းခရိုင်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီဝင်များ၊ ပြိုင်ပွဲ ဝင်လူငယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။