images
UN
UN
တောင်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ
ကျော်ကိုလင်း(တောင်သာ) Tuesday, 05 November 2019
တောင်သာမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ် ကျေးပါတီဝင်များ အစည်းအဝေး ကို ယနေ့နံနက် ၉နာရီက မြို့နယ် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်၊၊ရှေးဦးစွာမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ကျင်းပခဲ့သည်။
ဆက်လက်၍ တက်ရောက် လာကြသော ရပ်ကျေးပါတီဝင် များက ဒေသတွင်းဖြစ်စဉ်များ၊ နိုင်ငံရေးဖြစ်စဉ်များကို အသီးသီး ဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ မြို့နယ်အတွင်းရေးမှူးဦးသန့်ဇော်ဦး၊ အမျိုးသမီးတာဝန်ခံ ဒေါ်ပြုံးယုနိုင်၊ လူငယ်တာဝန်ခံ ဦးကျော်ကိုလင်း၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် လူငယ်အဖွဲ့ဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။