images
UN
UN
ဆားတောင်မြို့နယ်ခွဲ သူဌေးရပ်ကွက်ရှိပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဆိုင်းဘုတ်အသစ်တင်ပွဲအခမ်းအနားကျင်းပ
မျိုးမင်းဇော်(စစ်ကိုင်း) Tuesday, 05 November 2019
စစ်ကိုင်းတိုင်းဒေသကြီး စစ် ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှစစ်ကိုင်းမြို့နယ်ဆားတောင် မြို့နယ်ခွဲ သူဌေးရပ်ကွက်ပါတီ ရုံးတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်အသစ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၁ဝနာရီခွဲက သူဌေး ရပ်ကွက်ရှိ ပါတီဝင်ဦးမင်းဌေး နေအိမ်တွင် ကျင်းပခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲအခမ်းအနား သို့ ပထမအကြိမ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းပါတီကော်မတီဝင် ဦးမင်း မင်းဇေယျာမြင့်၊ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များ၊ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပြီး နံနက်၁ဝနာရီ၄၅မိနစ်တွင် အောင်မြင်စွာပြီးစီးခဲ့သည်။