images
UN
UN
ကော့သောင်းမြို့တွင် WY ဆေးပြားများဖမ်းဆီးရမိ
ကျော်စိုး(ကော့သောင်း) Tuesday, 05 November 2019
ကော့သောင်းမူးယစ်တပ်ဖွဲ့စု(၃၄)မှ ရဲအုပ်အောင်လင်းဦး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ ညနေပိုင်းက သတင်းအရ ရှာဖွေ ခွင့် ဝရမ်းအမှတ် ၅၄/၂ဝ၁၉ ဖြင့် ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက် မြေနီလမ်းငါးခန်းတွဲတန်းလျားနေ မမဉ္ဇူစိုးမင်း(ခ)ဇူးဇူး၏ နေအိမ်ခန်းအားဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမွေ့ရာပေါ်မှ WY စာတန်းပါမူးယစ်စိတ်ကြွဆေးပြား ၁၈၈ဝ ကို တွေ့ရှိသဖြင့် စစ်မေး ချက်အရ ဇော်ထွန်းအောင်ဆိုသူက ရောင်းချရန်ပေးအပ်ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဇော်ထွန်းအောင်အားဖုံးဆက်ခေါ်ခိုင်းရာ ရောက်ရှိလာသဖြင့် ၄င်း၏ကိုယ်ခန္ဓာအားရှာဖွေပြီးနောက် ဆက်လက် စစ်မေးရာ တည်းခိုသည့်အဏ္ဏဝါရပ်ကွက် တပ်ကုန်းလမ်းခရစ်ယာန် ဘုရားကျောင်းတွင် WY့ဆေးပြားများကျန်ရှိသေးကြောင်း ထွက်ဆို သဖြင့် ၄င်းတည်းခိုသည့်အခန်းအား ထပ်မံသွားရောက်ရှာဖွေရာ Soundbox အတွင်းမှ WY ဆေးပြား ၅၈၅ ပြား ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသိမ်းဆည်းရမိသည့် မမဉ္ဇူ စိုးမင်း(ခ)ဇူးဇူးနှင့် ဇော်ထွန်းအောင် တို့နှစ်ဦးအား ကော့သောင်းရဲတပ် ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေမယ(ပ) ၁၂၄/၁၂၅/၂ဝ၁၉၊ မူးစိတ်ပုဒ်မ၁၉ (က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။