images
UN
UN
ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်ကို ပွဲချိန်အတွင်းကန့်ကွက်ရန် ပရီးမီးယားလိဂ်၏ကြိုးပမ်းမှု အောင်မြင်ဖွယ်မရှိဟု နိုင်ငံတကာဘောလုံးဥပဒေထုတ်ပြန်ရေးအဖွဲ့ အတွင်းအရေးမှူးပြောကြား
Tuesday, 05 November 2019
ပရီးမီးယားလိဂ်အသင်းများမှ နည်းပြများသည် ဒိုင်လူကြီးများ ၏ ဆုံးဖြတ်ချက်များကို ပွဲချိန် အတွင်း ကန့်ကွက်ခွင့်ရရှိရန်အတွက် ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ် ၏ အထွေထွေမန်နေဂျာနှင့်လာမည့် တစ်ပတ်တွင် တွေ့ဆုံရန်စီစဉ်နေရာ ၄င်းတို့၏ ကြိုးပမ်းမှုအောင်မြင်လိမ့် မည်မဟုတ်ကြောင်း နိုင်ငံတကာ ဘောလုံးဥပဒေထုတ်ပြန်ရေးအဖွဲ့၏ အတွင်းရေးမှူးလူးကပ်စ်ဘတ်ဒ်က ပြောကြားလိုက်သည်။ ယခုရာသီ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဒိုင် လူကြီးများ အကူအညီရရှိစေရန် VAR နည်းပညာကို စတင်အသုံး ပြုခဲ့သည်။ သို့သော် VAR အကူ အညီယူ၍ ဒိုင်လူကြီးများဆုံးဖြတ် ခဲ့သော ဆုံးဖြတ်ချက်အများစုမှာ အမှားအယွင်းများစွာရှိခဲ့သည်။
ပြီးခဲ့သောတစ်ပတ် ပရီးမီးယား လိဂ်ပွဲစဉ်များတွင်လည်း အငြင်း ပွားဖွယ် ဆုံးဖြတ်ချက်များစွာဖြစ် ပေါ်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သော တစ်လကတည်းက ဒိုင်လူကြီးအဖွဲ့ နှင့်ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထား ခြင်းကို ပရီးမီးယားလိဂ်နည်းပြ များက အရှိန်မြှင့်လုပ်ဆောင်လာ ပြီး လာမည့်တစ်ပတ်တွင် တွေ့ဆုံ ရန် ကြိုးစားလာကြခြင်းဖြစ်သည်။ ကွင်းအတွင်း၌ အခြားရှုထောင့်များ မှ ရိုက်ကူးထားသော ဗီဒီယိုမှတ် တမ်းများကို ကြည့်ရှု၍ VAR ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခွင့်ပြု မည်လားဆိုသည်ကို အဓိကဆွေး နွေးကြမည်ဖြစ်သည်။
သို့သော် ပရီးမီးယားလိဂ်တွင် အဆိုပါကိစ္စကို ခွင့်ပြုခဲ့ပါက ကမ္ဘာ တစ်ဝန်းအသုံးပြုနေသော VAR စနစ်နှင့်ပတ်သက်၍လည်း ထပ်မံ လုပ်ဆောင်ရမည့်ကိစ္စများစွာထွက် ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာဘောလုံးဥပဒေထုတ် ပြန်ရေးအဖွဲ့က ယင်းကြိုးစားမှုကို လက်ခံလိမ့်မည်မဟုတ်ဟု လူးကပ်စ် ဘတ်ဒ်က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ပွဲချိန်အတွင်း ဒိုင်လူကြီး များ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင် ရန်ကြိုးစားခြင်းသည် မှန်ကန်သော ဖြေရှင်းမှုတစ်ခုမဖြစ်နိုင်ဘဲ ဒိုင်လူကြီး များအတွက် ဖိအားပိုလာမည်ဖြစ်၍ ဖြစ်လာနိုင်စရာမရှိဟု ၄င်းက ပြော ကြားခဲ့သည်။ Ref ;Metro