images
UN
UN
မန်စီးတီးကို ထိခိုက်နာကျင်စေနိုင်သည့်အသင်းမှာ လီဗာပူးတစ်သင်းတည်းသာဖြစ်
Tuesday, 05 November 2019
မန်စီးတီးတိုက်စစ်မှူးအဂူရိုက ပရီးမီးယားလိဂ်ပြိင်ပွဲတွင် မိမိတို့ အား ထိခိုက်နာကျင်စေရန် လုပ် နိုင်သည့်အသင်းမှာ လီဗာပူးသာ ဖြစ်သည်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သောရာသီက လီဗာပူးနှင့်မန် စီးတီးတို့၏ ချန်ပီယံလုပွဲမှာ တစ် မှတ်အကွာဖြင့်သာ အဆုံးသတ်ခဲ့ ပြီး မန်စီးတီးအသင်း ဗိုလ်စွဲခဲ့ သည်။ ယခုရာသီ ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် လီဗာပူး က မန်စီးတီးအား ခြောက်မှတ်အထိ ဖြတ်ထားနိုင်သည်။ လီဗာပူးကွင်း ၌ ကစားရမည့်ပွဲစဉ်မတိုင်မီ အဂူရို က ပြိုင်ဘက်၏ခြိမ်းခြောက်နိုင်မှု ကို သုံးသပ်ပြခဲ့ခြင်းဖြစ်သည်။
''လီဗာပူးက အမြဲတမ်းခက်ခဲ တဲ့ပြိုင်ဘက်ပါ။ ကျွန်တော် ဒီကို ရောက်လာတုန်းကတော့ အမှတ် ပေးဖလားပြိုင်ပွဲအတွက် အမြဲတမ်း ယှဉ်ပြိုင်ခဲ့ရတာက မန်ယူဖြစ်ပါ တယ်။ ဒါပေမယ့် နောက်ဆုံးလေး ရာသီမှာ အပြောင်းအလဲတွေအများ ကြီးဖြစ်သွားခဲ့ပါတယ်။ လက်ရှိမှာ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံးဖြစ်ပြီး ကျွန်တော် တို့ကို နာကျင်စေနိုင်တဲ့ တစ်သင်း တည်းသောအသင်းပါ''ဟု ၄င်း က ပြောသည်။Ref ;Dailymail