images
UN
UN
ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်
Tuesday, 05 November 2019
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂ဝ အာရှ ယူ-၁၉ ချန်ပီယံရှစ်အုပ်စု(ှု) ပွဲစဉ် များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ရှိ အင်းယားလိတ် ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။မြန်မာ အသင်းသည် ယခုလ ၆ ရက်တွင် တရုတ်အသင်းနှင့်အုပ်စုအဖွင့်ပွဲ စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းနည်းပြ ချုပ် ဦးစိုးမြတ်မင်းက ''တရုတ် အသင်းနဲ့ကစားမယ့်အဖွင့်ပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် ကျွန်တော့် ကစာသမားတွေ အကောင်းဆုံး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါ တယ်။ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ် ရှေ့မှောက်မှာ ကစားရမယ့်ပွဲဖြစ်လို့ ရှိသမျှအစွမ်းနဲ့ အကောင်းဆုံးကြိုး စားသွားပါမယ်''ဟု ပြောကြား ခဲ့သည်။
တရုတ်နည်းပြကမူ ယခုပြိုင်ပွဲ အတွက် သုံးလနီးပါး ကြိုတင်ပြင် ဆင်ခဲ့ပြီး ခြေစမ်းပွဲအများအပြား ယှဉ်ပြိုင်ကစားခဲ့ကြောင်းနှင့်နိုင်ငံ ခြားတွင်လည်း သွားရောက်လေ့ ကျင့်ခဲ့၍ လုပ်နိုင်သမျှအစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ပြောသည်။ မြန်မာယူ-၁၉ အသင်းသည် တရုတ် နှင့်ပွဲအပြီးတွင် တောင်ကိုရီးယား၊ စင်ကာပူတို့ကို ဆက်လက်ရင်ဆိုင် ရမည်ဖြစ်သည်။