images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ တိုင်း ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
မြင့်အောင်မြင့်(မုံရွာ) Tuesday, 05 November 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီက တိုင်း ခရိုင် မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပါတီ၏မူဝါဒလမ်းစဉ် နှင့်အညီပေးအပ်ထားသော မဟာဗျူဟာ တာဝန်များကို အချိန်နှင့်တစ်ပြေးညီ ပြီး မြောက်စေရေး အာရုံစူးစိုက်ကာ လက်တွဲ ညီညာစုပေါင်းကာ ဆောင်ရွက်သွားကြရ မှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးကလည်း မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဆောင်ရန်ရှောင်ရန်နှင့် အောင်နိုင်ရေးတာဝန်လုပ်ငန်းများကို အချိန် နှင့်အဆင့်ဆင့်ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြောကြားကာ မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများ ဆောင်ရွက်ထားရှိမှု များကို မေးမြန်းဆွေးနွေးအကြံပြုကာ ဆက်လက်ဆောင်ရွက်သွားကြရမည့်လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးပေးသည်။ ထို့နောက်တက်ရောက်လာသော ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များက တစ်ဦးချင်းကိုယ်စီကိုယ်စီ တင်ပြဆွေးနွေး မှုများကို တိုင်းဒေသကြီးအတွင်းရေးမှူး က ပြန်လည်ရှင်းလင်းဆွေးနွေးပေးကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်း ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်း ဒေသကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ များဖြစ်ကြသောဒေါက်တာဝင်းမြင့်အောင်၊ ဒေါ်ယဉ်မာဝင်း၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် တိုး၊ခရိုင်ပါတီကော်မတီဝင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော် ဝင်း၊ အတွင်းရေးမှူး ဦးမြင့်စိုးနှင့်မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံများ အားလုံးတက်ရောက်ကြကြောင်းသိရသည်။