images
UN
UN
ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Tuesday, 05 November 2019

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝနာရီက မြို့နယ်ပါတီရုံးခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော် မတီ နယ်မြေတာဝန်ခံဒေါ်စန်းစန်းဝင်း တက်ရောက်ကာ လမ်းညွှန်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးပါတီကော်မတီ ဒေါ်စန်းစန်း ဝင်းက ပါတီ၏မူဝါဒများ၊ ပါတီ အဆင့်ဆင့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားကာ ပါတီ အောင်နိုင်ရေးသည် ပါတီတွင်း စည်းလုံးညီညွတ်မှုပေါ်မူတည်၍ ပါတီစည်းရုံးဆောင်ရွက်မှုတွင် ထောက်ကူပြုကြောင်း၊ သို့ဖြစ်ပါ၍ ပါတီဝင်အချင်းချင်း ညီအစ်ကို မောင်နှမများကဲ့သို့သဘောဆောင် ကာ အချင်းချင်းရိုင်းပင်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ တွင်လည်း မိမိတို့ကျရာအခမ်း ကဏ္ဍများမှပူးပေါင်းဆောင်ရွက် ကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်က ခရိုင် အတွင်းမြို့နယ်အသီးသီးတို့၏ လှုပ်ရှားဆောင်ရွက်မှုအခြေအနေ များအားရှင်းလင်းပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရန်အောင်က မြို့နယ်အတွင်းရေးရာအလိုက် ဆောင်ရွက်ထားခဲ့ပြီး အခြေအနေ၊ ဆောင်ရွက်ရန်ကျန်ရှိနေမှုအခြေ အနေ၊ မြို့နယ်တွင်းမဲဆန္ဒနယ်မြေ အလိုက်မဲရုံနှင့် မဲပေးနိုင်သူစာရင်း ဟောင်းများ၊ မဲရုံကိုယ်စားလှယ် များ၊ လျာထားဆောင်ရွက်မှုများ၊ မဲရုံမှူးသင်တန်းများဖွင့်လှစ်နိုင်မှု အခြေအနေများ စသည့်အချက် အလက်များအားတင်ပြဆွေးနွေးခဲ့ သည်။
ထို့နောက် တက်ရောက်လာကြ သူများက အကြောင်းအရာအလိုက် အားနည်းချက်၊ အားသာချက်များ အား ရင်းနှီးခင်မင်စွာအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ် များချမှတ်ခဲ့ကြပြီး မွန်းလွဲ ၁နာရီ တွင် ပြီးဆုံးခဲ့သည်။
အဆိုပါအခမ်းအနားသို့တိုင်း ဒေသကြီးပါတီကော်မတီ နယ်မြေ တာဝန်ခံဒေါ်စန်းစန်းဝင်း၊ အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့ နယ်ပါတီဥက္ကဋ္ဌဦးရန်အောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များတက် ရောက်ခဲ့ကြကြောင်း သိရသည်။