images
UN
UN
စည်း(ကဗျာ)
သက်နိုင် (ကြို့ပင်ကောက်) Tuesday, 05 November 2019
* မြတ်ဗုဒ္ဓဂုဏ် တို့ကြည်ယုံ၍
ခိုလှုံမှေးအိပ် မေတ္တာရိပ်၌
စိတ်အေးချမ်းသာ တို့နေလာခဲ့။
* မနက်နေ့ည ဓမ္မတရား
အလင်းများကို အားပြုလှမ်းလျှောက်
မဖောက်မပြန် အမှန်တရား
လက်ကိုင်ထား၍ တို့များသီလ
ဆောက်တည်ကြခဲ့။
* သူ့မရှိကူ ကိုယ့်ရှိလှူလျက်
ပူပင်သူတွေ အေးချမ်းစေအောင်
ဖြေသိမ့်ရင်းသာ
စာနာမှုများ ရင်မှာထားခဲ့။
* အမိုက်မှောင်တော အမောမှောင်တိုက်
မလောင်မြိုက်လို။
* စိတ်အညစ်ထေး
ဆေးကြောသုတ်သင် သန့်စင်ဖြူလွ
စိတ်အလှမွေး အရိပ်မြအေးခဲ့။
* ယခုအခါ
ငါတို့မင်းတို့ သင်တို့သူတို့
ကိုယ့်တစ်ကွက်ကောင်း အကွက်ချောင်းနေ
မျက်စောင်းမုန်ယို အလိုမကျ
လောင်မီးကျလျက် ဗုဒ္ဓတရား
ပစ်ပယ်ထားပြီး
တရားမကိုး အမှားတိုး၍
စည်းရိုးကျိုးခဲ့ကြပြီလား။