images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်
Tuesday, 05 November 2019

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် ဆည်တော်ဦးကျေးရွာရှိ ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာဘုန်း တော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူ ၁၈၉ဦးကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ နဃွ စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူလေးဦးကို ကလေးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သက်ကြီး ဘိုးဘွားများအတွက် စားသောက်ဖွယ်ရာများနှင့် ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲအတွက် စာအုပ်၊ စာစောင်များအား ပေးအပ်သည်။ ဆက်လက်၍ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တကောဝိဒအားဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ WT