images
UN
UN
NATOအဖွဲ့သည်အလွန်အမင်းဆင်ခြင်တုံတရားမရှိစွာ ပြုမူဆောင်ရွက်နေသည်ဟု မက်ခရွန်ပြောကြား
KK(IR) Friday, 08 November 2019
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က NATO အဖွဲ့အား အလွန်အမင်းဆင်ခြင်တုံတရားမဲ့ နေသည်ဟု ဖော်ပြပြောကြားလိုက် ကြောင်း သိရသည်။ NATO အဖွဲ့ ၏ အဓိကအာမခံပေးသူဖြစ်သည့် အမေရိကန်ကအဖွဲ့အပေါ်ပေးအပ် ထားသည့်ကတိကဝတ်များအပေါ် ၄င်း၏အမြင်ကိုလည်း မက်ခရွန်က အလေးအနက်ထားကာ သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
စီးပွားရေးပါရဂူများက ၄င်း အား အင်တာဗျူးပြုလုပ်ရာတွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှတပ်ဖွဲ့ များအား ဆုတ်ခွာမှုပြုလုပ်ရန် ညွှန်ကြားချက်မပေးမီ အမေရိကန် ကNATO အဖွဲ့အား ဆွေးနွေးတိုင် ပင်မှုမပြုလုပ်ခဲ့ခြင်းအပေါ်ကိုးကား ကာ ၄င်းကပြောကြားခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
ထို့ပြင် NATOအဖွဲ့ဝင်များ သည် စုစည်းညီညွတ်သည့် ကာ ကွယ်ရေးအတွက် ကတိကဝတ် ပြုထားမှုကိုလိုက်နာနေဆဲရှိမရှိကို ၄င်းအနေဖြင့် သံသယဖြစ်နေသည် ဆိုသည်ကိုလည်း ဖော်ပြခဲ့ဖွယ် ရှိသည်ဟု သိရသည်။ လာမည့် ဒီဇင်ဘာလတွင် လန်ဒန်၌ NATO အဖွဲ့သည် တည်ထောင်ခြင်းနှစ် ၇ဝ ပြည့်အထိမ်းအမှတ် အခမ်း အနားကို ကျင်းပမည်ဖြစ်သည်။
Ref: BBC News