images
UN
UN
မြောက်ကိုရီးယားတံငါသည်နှစ်ဦးက လုပ်ဖော်ကိုင်ဖက်သင်္ဘောသား ၁၆ ဦးကို သတ်ဖြတ်
KK(IR) Friday, 08 November 2019

တောင်ကိုရီးယားသို့ထွက်မပြေးမီ လုပ်ဖော်ကိုင်ဖက်သင်္ဘော သား ၁၆ ဦးအား သတ်ဖြတ်ခဲ့သည်ဟုသံယရှိသည့် မြောက်ကိုရီး ယားတံငါသည်နှစ်ဦးအား မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ပို့ ဆောင်လိုက်ကြောင်း သိရသည်။
¤င်းတို့နှစ်ဦးသည် ယခုလ ၂ ရက်တွင် ရေနယ်နိမိတ်ကိုကျော် ဖြတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ပုံမှန်အားဖြင့် ပြည်ပြေးများကို နိုင်ငံရေးခိုလှုံခွင့်ပေးလေ့ ရှိသော်လည်း ယခုကိစ္စတွင်မူ ၄င်းတံငါသည်နှစ်ဦးသည် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေသည့်အတွက် မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးကို ပြည်ပြေးများ အနေထက် ရာဇဝတ်သားများအနေဖြင့်သာဆက်ဆံပြီး ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယွန်ဟပ်သတင်းဌာန၏ဖော်ပြချက်အရ ၄င်းတံငါသည်နှစ်ဦး နှင့် အခြားအမျိုးသားတစ်ဦးတို့သည် ၄င်းတို့အား ကြမ်းတမ်းစွာ ဆက်ဆံသည့်အတွက် သဘောင်္ကပ္ပတိန်ကို ပြီးခဲ့သည့်အောက်တို ဘာလနှောင်းပိုင်းတွင် သတ်ပစ်ခဲ့ကြကြောင်းနှင့် ၄င်းတို့အား ဆန့်ကျင်ကန့်ကွက်သည့် ကျန်သင်္ဘောသားများကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြကြောင်း သိရသည်။ သေဆုံးသူများ၏ရုပ်အလောင်းများကို သင်္ဘောပေါ်မှ ရေထဲသို့ပစ်ချခဲ့ကြသည်ဟု သိရသည်။Ref: BBC News