images
UN
UN
လုပ်သားဦးရေအလွန်ကျဆင်းမှုကြောင့် ဂျပန်အလယ်အလတ်စက်ရုံများ စက်ရုပ်များဖြင့်အစားထိုးရန်စီစဉ်နေ
KK(IR) Friday, 08 November 2019
ဂျပန်နိုင်ငံတွင် လုပ်သားဦးရေ အလွန်အမင်းကျဆင်းလာကာ လုပ်သားပြတ်တောက်မှုများကို ကျော်လွှားနိုင်ရန် အလယ်အလတ် တန်းစားစက်ရုံများနှင့် လုပ်ငန်း များက စက်ရုပ်များကိုဝယ်ယူကာ အစားထိုးဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။ ဂျပန် ဘဏ်၏ စစ်တမ်းကောက်ယူမှု တစ်ခုအရ ကုမ္ပဏီများသည် စက် ရုပ်များအတွက် ငွေကြေးရင်းနှီး မြှုပ်နှံနေသည့်အနေအထားသည် ဂျပန်ယမ်းငွေသန်း ၁ဝဝ မှ သန်း ၁ဝဝဝ အထိစံချိန်တင် ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
ဝယ်ယူမည့်စက်ရုပ်များတွင် အကြီးစားစက်မှုထုတ်လုပ်ရေးများ မှ ဟိုတယ်အခန်းဝန်ဆောင်မှုအထိ ဆောင်ရွက်ပေးနိုင်သည့် စက်ရုပ် များပါဝင်သည်ဟု သိရသည်။ လုပ်ငန်းများတွင် စက်ရုပ်များသုံး စွဲမှုတွင်ကျယ်လာသည်နှင့်အမျှ ဂျပန်စက်ရုပ်ကုမ္ပဏီများ၏ ဝင်ငွေ သည်တိုးတက်လာကြောင်း သိရ သည်။ ဂျပန်နိုင်ငံ၏ ကုမ္ပဏီလုပ် ငန်း ရာခိုင်နှုန်း ၉ဝ ကျော်သည် အလယ်အလတ်တန်းစားနှင့်အသေး စားလုပ်ငန်းများဖြစ်သည်။
ကမ္ဘာပေါ်တွင်အသက်အရှည် ဆုံးနိုင်ငံဖြစ်သည့်ဂျပန်သည်၁၉၉၅ ခုနှစ်မှစတင်ကာ အလုပ်လုပ်နိုင်သူ ဦးရေ ကျဆင်းသည်ထက်ကျဆင်း လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် ဂျပန်၌ အလုပ်လုပ်နိုင်သူဦး ရေ ၈၇ သန်းရှိခဲ့ပြီး စစ်တမ်းများ အရ ၂ဝ၁၇ ခုနှစ်တွင် အလုပ်လုပ် နိုင်သူဦးရေ ၇၆ သန်းရှိနေရာမှ လာမည့် ၂ဝ၆၅ ခုနှစ်တွင်မူ ၄၅ သန်းသာရှိတော့မည်ဟုသိရသည်။
Ref: Reuters