images
UN
UN
ဆေးခြောက်သုံးစွဲသူများတွင် Heart Attack ဖြစ်နိုင်ခြေ လေးဆပိုမိုများပြား
KK(IR) Friday, 08 November 2019

အသက်အရွယ်မရွေးကြုံရနိုင် ပြီး အသံတိတ်လူသတ်သမားဟု ခေါ်ကြသည့် ရုတ်တရက်နှလုံး တိုက်ခိုက်ခံရမှု (Heart Attack) ဖြစ်ပွားပြီး နှလုံးရပ်တန့်မှုကြုံတွေ့ ရနိုင်ခြေသည် ဆေးခြောက်သုံးစွဲနေ သူများတွင် သာမန်လူများထက် လေးဆကျော်ပိုမိုဖြစ်ပွားနိုင်ကြောင်း အမေရိကန် ကျန်းမာရေးသုတေ သီများ၏ ပြောကြားချက်အရ သိရ သည်။
အဆိုပါသုတေသနကို ငါးနှစ် ကြာအချိန်ယူလေ့လာခဲ့ခြင်းဖြစ် ပြီးသုတေသနရလဒ်အရ အသက် ၃ဝ မတိုင်မီတွင် ဆေးခြောက်ကို ပုံမှန်သုံးစွဲခဲ့သူများသည် ဆေး ခြောက်မသုံးသူများနှင့်ယှဉ်လျှင် နှလုံြး<ွကက်သားနှင့် ဆက်နွှယ် နေသည့်ရောဂါများဖြစ်နိုင်ခြေ ၄ ဒသမ ၆ ဆ ပိုများနေသည်ဟု သိရှိရသည်။ ယင်းလေ့လာမှုသည် ဆေးခြောက်ကို ဆေးလိပ်အဖြစ်နှင့် သောက်သုံးသူများအပေါ် အဓိက ထားကာပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသက် ၂ဝနှောင်းပိုင်းအရွယ် တွင် ဆေးခြောက်သုံးစွဲသူများကမူ ရုတ်တရက်နှလုံးရပ်တန့်မှု ဖြစ်နိုင် ခြေ သုံးဆပိုများသည်ဟုလည်း သိရသည်။ ဆေးခြောက်ကိုရေရှည် သုံးစွဲသူများသည် စိတ်ကျဆင်းမှု ရောဂါ၊စိတ်ကစဥ့်ကလျားဖြစ်ခြင်း ရောဂါတို့ကဲ့သို့သော စိတ်ပိုင်းဆိုင် ရာ မူမမှန်ခြင်းများဖြစ်ပွားလေ့ ရှိသည်။ ယခုတွေ့ရှိခဲ့သည့် သုတေ သနရလဒ်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်တွင်ကျင်းပပြုလုပ်သည့် American College of Cardiology နှစ်ပတ်လည်ညီလာခံ၌ ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသုတေသနကိုအိုဟိုင်းယိုး ပြည်နယ် Case Western Reserve University မှ သုတေသီများက ဆေးခြောက်သုံးစွဲသူပေါင်း၂၁ဝဝဝဝ နှင့်ဆေးခြောက်အသုံးမပြုသူ ၁ဝ သန်း၏ နှလုံးကျန်းမာရေးမှတ် တမ်းများကိုလေ့လာသုံးသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: Daily Mail