images
UN
UN
ဆေးသစ်များ၏ ကုထုံးတိုးတက်မှုကြောင့် HIV ရောဂါသည်များ လူ့သက်တမ်းစေ့နီးပါးနေနိုင်တော့မည်
KK(IR) Friday, 08 November 2019
နောက်ဆုံးပေါ် HIV ဆေးကု ထုံးမှုစမ်းသပ်ခံယူနေသည့် HIV ဝေဒနာရှင်လူငယ်များသည်ကုထုံး တိုးတက်လာမှုကြောင့် သက်တမ်း ပိုရှည်လာကာ လူ့သက်တမ်းစေ့နီး ပါးနေနိုင်ကြတော့မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိမှုသစ်ကိုThe Lancet ဆေးပညာဂျာနယ်တွင် ရေး သား ဖော်ပြထားသည်ဟု သိရသည်။
ဥရောပနှင့် မြောက်အမေရိက တွင်HIVဆေးကုထုံးသစ်စမ်းသပ် မှုများပြုလုပ်ခဲ့ပြီးနောက်HIV ရောဂါဝေဒနာရှင်များသည် ရောဂါ မရှိသည့် သာမန်လူများနီးပါး သက်တမ်းရှည်လာနိုင်တော့မည် ဟု ဗြိတိသျှဆေးပညာရှင်များက ပြောကြားလိုက်ခြင်းဖြစ်သည်။ ဆေးသစ်များသည် ဘေးထွက်ဆိုး ကျိုးနည်းပြီး ဗိုင်းရပ်စ်ပိုးပျံ့ပွားမှု ကိုလည်း ပိုမိုထိရောက်စွာလျှော့ချ ပေးနိုင်သည်ဟု သိရသည်။ ဆေး ကုသမှုစတင်ခံယူခဲ့သည့် ၂၁ နှစ် အရွယ်လူငယ်တစ်ဦးသည်အသက် ၇ဝ ကျော်အထိ နေထိုင်နိုင်မည် ဟုခန့်မှန်းထားကြောင်းသိရသည်။
အဆိုပါတွေ့ရှိမှုသည်HIV ဗိုင်းရပ်စ်ကူးစက်ခံရသူကိုးသောင်း အားသုတေသနပြုမှုမှရရှိလာသည့် အချက်အလက်များကို အခြေခံ ကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆရာဝန်များ၏ပြောကြားချက်အရHIVဗိုင်းရပ်စ်ကူးစက်ခံရပါက စောစီးစွာ ဆေးကုသမှုခံယူခြင်း သည် အသက်ရှည်ပြီးကျန်းမာပျော် ရွှင်သည့်ဘဝရရှိရန် အရေးပါဆုံး သောအချက်ပင်ဖြစ်ကြောင်း သိရ သည်။ Ref: BBC News