images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ညောင်ထောက်ကျေးရွာတွင်ပြုလုပ်
Friday, 08 November 2019
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ညောင်ထောက်ကျေးရွာအုပ်စု ညောင်ထောက်ကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန်ကြီး၊ အတွင်း ရေးမှူး ဦးကျော်မြင့်နိုင်၊ ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှိုင်၊ ဌာနချုပ်-တွဲဖက်ဒေါ်ခိုင်သန္တာထွေး၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးမြင့်ဝေနှင့် ဘန့်ဘွေးကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးလှစိန်နှင့်အဖွဲ့ဝင်များ၊ ညောင်ထောက်အုပ်စု ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။