images
UN
UN
ရထားလမ်းများအား စည်းကမ်းမဲ့ဖြတ်ကူးသူများကို သေမင်းအသွင်ဝတ်ဆင်ကာ ဖမ်းဆီး
Friday, 08 November 2019
အိန္ဒိယနိုင်ငံအတွင်း၌ ရထားပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များ ပေးအပ်နေသည့်ကုမ္ပဏီတစ်ခုဖြစ်သော အိန္ဒိယအနောက်ပိုင်းရထား ပို့ဆောင်ရေးကုမ္ပဏီသည် ၄င်းဝန်ဆောင်မှုပေးအပ်နေသည့် ဧရိယာ အတွင်း၌ ရထားလမ်းများကို စည်းကမ်းမဲ့ဖြတ်ကူးသူများအား သေမင်း အသွင် ဝတ်ဆင်ထားသည့် ဝန်ထမ်းများဖြင့် လိုက်လံဖမ်းဆီးကာ ပညာ ပေးမှုနှင့် အရေးယူမှုများ ပြုလုပ်နေကြောင်း ရုရှားတိုင်းမ်သတင်းဌာန က ဖော်ပြသည်။
မွမ်ဘိုင်းအပါအဝင် လူနေထူထပ်သည့်မြို့ကြီးများအား ချိတ်ဆက် ပြေးဆွဲနေသည့် ရထားခရီးစဉ်များကို ဝန်ဆောင်မှုပေးနေသော အဆိုပါ ကုမ္ပဏီသည် ရထားလမ်းများနှင့် ရထားဘူတာများတွင် တားမြစ်ထား သည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသောကြောင့် ထိခိုက်သေဆုံး သူ မြင့်မားကြောင်း တွေ့ရှိခဲ့ပြီးနောက်တွင် သေမင်းအသွင်ဝတ်စားကာ လိုက်လံဖမ်းဆီးပညာပေးမှုနှင့် အပြစ်ပေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ဟိန္ဒူဘာသာတွင် သေမင်းဟု သတ်မှတ်ထားကြသော ရာမာရာဂျာအသွင် ဝတ်ဆင်ထားသည့် ဝန်ထမ်းများအား အသုံးပြုကာ ဖမ်းဆီးခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း ကြောင့် မီးရထားလမ်းများအား စည်းကမ်းမဲ့ဖြတ်ကူးသူဦးရေ လျော့ကျ လာမည်ဟုလည်း အဆိုပါကုမ္ပဏီဘက်မှ မျှော်လင့်ထားသည်။
NG(Ref; RT)