images
UN
UN
အာရှတိုက်ရှိမြို့ကြီးများတွင် လေထုညစ်ညမ်းမှုကြောင့် ဆုံးရှုံးမှုကြီးမားသည့်အကျိုးဆက်များဖြစ်လာနိုင်ဟု သတိပေး
Friday, 08 November 2019
အာရှတိုက်ရှိ မြို့ကြီးများတွင် လေထုညစ် ညမ်းမှုများကြောင့် ဆုံးရှုံးမှုကြီးမားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု နယူးဒေလီမြို့တွင် အခြေစိုက်ထားသော လေထုနှင့်ရေထုညစ်ညမ်းမှုဆိုင်ရာ အကြောင်း အရာများကို လေ့လာနေသည့်အကျိုးအမြတ် မယူသော အဖွဲ့တစ်ခုမှ သတင်းထုတ်ပြန်ခဲ့ သည်။
လက်ရှိအချိန်၌ နယူးဒေလီမြို့တွင် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ သန်းနှင့် ချီသော မြို့နေပြည်သူများအား အသက်ရှု လမ်းကြောင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ် စေလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ လေထုညစ် ညမ်းမှုအမြင့်ဆုံးမြို့ကြီးများထဲတွင် ပါဝင် လျက်ရှိသော နယူးဒေလီမြို့သည် တစ်နှစ် လျှင် နေထိုင်ရန်မသင့်လျော်သော လေထု ညစ်ညမ်းမှုအခြေအနေသို့ ရောက်ရှိချိန် ပိုမို များပြားလာသည်ဟုလည်း တွေ့ရှိထားသည်။ မော်တော်ယာဉ်အသုံးပြုမှုနှုန်း မြင့်မားသည့် အပြင် စက်မှုလုပ်ငန်းများစွာ ရှိနေသည့် မြို့ ကြီးများတွင် လေထုညစ်ညမ်းမှုများ ပိုမိုဖြစ် ပေါ်လေ့ရှိကာ မော်တော်ယာဉ်များအား စနစ် တကျထိန်းချုပ်ကန့်သတ်ခြင်း မပြုလုပ်နိုင်ပါ က အနာဂတ်တွင် နေထိုင်သူများအား ကျန်း မာရေးနှင့်ဆိုင်သည့် ထိခိုက်မှုများစွာ ဖြစ်ပေါ် စေမည်ဟု သတိပေးထားသည်။ နယူးဒေလီ တွင် ဖြစ်ပေါ်လျက်ရှိသော လေထုညစ်ညမ်း မှုများကြောင့် ဆေးကုသမှုခံယူရသူ ရာနှင့်ချီ ၍ ရှိခဲ့သည်။ NG(Ref; AFP)