images
UN
UN
အင်းတော်မြို့နယ်တွင် မဟာဘုံကထိန်ပွဲတော်၌ ဆီမီးတစ်ထောင် သဲပုံစေတီနှင့်ဝင်္ကပါပွဲတို့အား စည်ကားသိုက်မြိုက်စွာကျင်းပမည်
ဆိုင်ကလုန်း Friday, 08 November 2019
စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် နမီးကျေးရွာအုပ်စု နမီးကျေးရွာ ခန္တီဝံသဇနိန္ဒာရာမ ကျောင်းတိုက်တွင် ယခုလ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်)နေ့ တွင် စုပေါင်းမဟာဘုံကထိန်ပွဲ တော်၊ သဲပုံစေတီ၊ ဝင်္ကပါပွဲတော် နှင့်ဆီမီးတစ်ထောင်ထွန်းညှိပူဇော် ပွဲတော်များကို စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
''တန်ဆောင်မုန်းလဆန်း၁၄ ရက် မွန်းလွဲ ၃ နာရီခွဲမှာ ကျေးရွာ အတွင်းကနေ ဘုန်းတော်ကြီး ကျောင်းကို နမီးအထက(ခွဲ)ဆရာ ဆရာမတွေနဲ့ကျောင်းသားတွေက စုပေါင်းကထိန်လှည့်မှာပါ။လပြည့် နေ့ နံနက်မှာနမီးကျေးရွာအပါအဝင် အခြားကျေးရွာပေါင်း ၁၁ ရွာက စုပေါင်းကထိန်လှည့်လည်ကြမှာ ပါ''ဟုနမီးကျေးရွာဘုန်းတော်ကြီး အရှင်ဇနိန္ဒက မိန့်ကြားခဲ့သည်။
အဆိုပါ စုပေါင်းဘုံကထိန်ပွဲ တော်တွင် ကထိန်အလှူပွဲတော် နှင့်အတူ သဲပုံစေတီတော်၊ ရှေး ရိုးရာအစဉ်အလာမပျက်ကျင်းပ မည့် ဝင်္ကပါပွဲတော်၊ ဆီမီးတစ် ထောင် ထွန်းညှိပူဇော်ပွဲ၊ မီးပုံးပျံ လွှတ်ပွဲတော်တို့ကို တန်ဆောင်မုန်း လဆန်း ၁၄ရက်မှ လပြည့်နေ့အထိ နှစ်ရက်တိုင် စည်ကားသိုက်မြိုက် စွာကျင်းပသွားမှာဖြစ်ပြီး အနယ် နယ်အရပ်ရပ်မှ ကထိန်ပွဲလာဧည့် ပရိသတ်များအား စတုဒိသာ မုန့် များဖြင့် တည်ခင်းဧည့်ခံသွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းထိုင် ဆရာတော်က ဆက်လက်မိန့်ကြား ခဲ့သည်။