images
UN
UN
ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအား ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
တင့်ဆွေ(ဇီးကုန်း) Friday, 08 November 2019
ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်တွင် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှု ကြောင့် သဘာဝဘေးဒဏ်ခံစားခဲ့ ရသောပြည်သူများအား ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်း သောဆန်ရိက္ခာထောက်ပံ့ပေးအပ် ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးခန်းမဆောင် တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်က ဆန်ရိက္ခာထောက်ပံ့လှူဒါန်းခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှမိုးက သဘာ ဝဘေးအန္တရာယ်ခံစားရမှု လျော့ပါး စေရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများကို ရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့နယ်တွင် ရေကြီးရေလျှံ မှုသဘာဝဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအားကိုရီးယားပြည် သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၄၂ ဒသမ ၅၆)တန်ကိုအိမ် ထောင်စု၁၅ဝ၂စုမှ လူဦးရေ ၅၄၄၇ဦးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များသို့ လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။