images
UN
UN
ဒလတံတားစီမံကိန်းဧရိယာဘေးရှိ လူသွားလမ်းပျက်စီးနေ၍ ပြည်သူများသွားလာမှုခက်ခဲနေ
Friday, 08 November 2019
ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးကိုရီး ယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်း ခွင်ဧရိယာအရှေ့ဘက်ခြမ်းရှိ မြေ သားလမ်းမှာ ပုံပြပါအတိုင်းပျက်စီး နေသည့်အတွက် အဆိုပါမြေသား လမ်းအားအသုံးပြုသွားလာနေကြ သည့်ပြည်သူများသွားလာမှုခက်ခဲ လျက်ရှိကြောင်း သိရသည်။တံတားစီမံကိန်းအတွက် ဗိုလ်မင်း ရောင်လမ်းမကြီးအား စီမံကိန်းလုပ် ငန်းခွင်ဧရိယာအဖြစ်ခြံခတ်ခဲ့ပြီး အဆိုပါ လမ်းမကြီး၏အနောက် ဘက်ခြမ်းအား ဆောက်လုပ်ခွင့်ရ ကုမ္ပဏီမှကွန်ကရစ်လမ်းခင်းပေး ခဲ့၍ အဆိုပါဘက်ခြမ်းမှနေထိုင် သူများသွားလာမှုအဆင်ပြေသော် လည်း အရှေ့ဘက်ခြမ်းတွင် ကွန် ကရစ်ခင်းပေးခြင်းမရှိသည့်အတွက် ကားကြီးများလည်း မောင်းနှင် လျက်ရှိပြီး မြေသားလမ်းပျက်စီး လျက်ရှိကြောင်း သိရသည်။အဆိုပါမြေသားလမ်းအား တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သုံး ကွန်ကရစ်ဖျော်စက်ကားကြီးများ မောင်းနှင်မှုများကြောင့်လည်း မြေ သားလမ်းပိုမိုပျက်စီးမှုများဖြစ် ပေါ်ခဲ့ရပြီး လမ်းအရှေ့ဘက်ခြမ်း နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ရဟန်းသံဃာ တော်များ သွားလာမှုခက်ခဲနေ ကြောင်း သိရသည်။
''စီမံကိန်းဧရိယာအပြင်က လမ်းကိုကွန်ကရစ်ခင်းမယ်ဆို နှစ် ဖက်စလုံး ခင်းရမှာလေ၊ ခုက ကျွန်တော်တို့ဘက်ခြမ်းတော့ မခင်း တဲ့အပြင် သူတို့ကားကြီးတွေပါ မောင်းနေတော့ ပိုပျက်တာပေါ့၊ မိုးတအားရွာရင် အိမ်ထဲကို လမ်း ပေါ်ကရေတွေဝင်တယ်၊ကျွန်တော် တို့ပြည်သူတွေကို အားနာစာနာ သင့်တယ်''ဟု အဆိုပါလမ်းဘက် ခြမ်းနေ ပြည်သူများကပြောသည်။
ထိုကဲ့သို့ လမ်းပျက်စီး၍ ပြည်သူများသွားလာမှုခက်ခဲနေသည့် အပေါ် မည်သည့်တာဝန်ရှိသူမျှ လာရောက်ကြည့်ရှုဆောင်ရွက် ပေးမှုမျိုးလည်းမရှိကြောင်းအဆိုပါ လမ်းဘက်ခြမ်းနေပြည်သူများက ပြောသည်။ ဒေသခံတစ်ဦး