images
UN
UN
လိုင်စင်မဲ့ယာဉ်မောင်းသူကိုအမှုဖွင့်အရေးယူ
မိုဃ်းကျ(မြစ်ကြီးနား) Friday, 08 November 2019
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာ စုပေါင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က မော်တော်ယာဉ်မောင်းနှင်လာသူ တစ်ဦးအားစစ်ဆေးရာမှ ယာဉ် မောင်းလိုင်စင်မပါရှိဘဲ မော်တော် ယာဉ်မောင်းနှင်သည်ကို စစ်ဆေး တွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ဝိုင်းမော်မြို့မရဲတပ်ဖွဲ့ စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ အမှတ် (၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲ အုပ်စိုးနိုင်ထွန်းဦးစီးသည့်တပ်ဖွဲ့ ဝင်များက ဝိုင်းမော်မြို့နယ် ဗလ မင်းထင်တံတားထိပ်ရှိ မိုင်းနား ကျေးရွာ စုပေါင်းစစ်ဆေးရေးဂိတ် တွင် မော်တော်ယာဉ်များ စနစ် တကျမောင်းနှင်မှုရှိစေရေး ကြပ် မတ်စစ်ဆေးနေစဉ် ဝိုင်းမော်မှမြစ် ကြီးနားသို့ ယာဉ်မောင်းမဂျာဆိုင်း ပန်(၂၇နှစ်)မောင်းနှင်သည့် ဟွန် ဒါဖစ်အမျိုးအစား YGN-7L/----- နံပတ်ပါမော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးရာယာဉ်မောင်းမှယာဉ် မောင်းလိုင်စင်မပါရှိဘဲ မောင်းနှင် လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်း လိုင်စင်မပါရှိဘဲ မော်တော်ယာဉ် မောင်းနှင်သူ မဂျာဆိုင်းပန်အား ဝိုင်း မော်မြို့မရဲတပ်ဖွဲ့စခန်းမှ (ပ) ၂၁၂/ ၂ဝ၁၉၊ ပြစ်မှုပုဒ်မ ၆၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။