images
UN
UN
ကော့ကရိတ်မြို့ ၌ အရန်မီးသတ်တပ်ဖွဲ့များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်
နိုင်နိုင်(မွန်) Friday, 08 November 2019
ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ နဘူးတိုက်နယ် ကျေးရွာအုပ်စုငါး အုပ်စုရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က ကော့ကရိတ်မြို့နယ် နဘူးနှစ် ခြားကျေးရွာအုပ်စု နဘူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ် ချုပ်ရေးမှူးဦးတင်မောင်ဝင်းက သင်တန်းဖွင့်အမှာစကားပြော ကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းက သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ သင် တန်းဆိုင်ရာကိစ္စရပ်များနှင့် ရည် ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။ ယင်းနောက် ကော့ ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် မီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ အရန်မီးသတ်ဒုတပ်ရင်း မှူး၊ မီးသတ်ဦးစီးအရာရှိတို့က သင်တန်းသားများကိုယ်စား ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ အရန်မီးသတ်ဝတ်စုံများ ပေးအပ် ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ၊ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုငါးအုပ်စုဖြစ်သည့် နဘူးနှစ်ခြား ကျေးရွာအုပ်စု၊ နဘူးတံခွန်တိုင်ကျေးရွာ အုပ်စု၊ အင်းရှည်ကျေးရွာအုပ်စု၊ မြပတိုင် ကျေးရွာအုပ်စု၊ ခနိမ်ဖော်ကျေးရွာ အုပ်စုတို့မှ သင်တန်းသား ၅ဝ တို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ်လေး ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။