images
UN
UN
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌဦးစိုးထွန်းရှိန်ကို ရုံးထုတ်ရမန်ယူ
ထက်မြတ် Friday, 08 November 2019
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ယနေ့ မွန်းလွဲ ၃ နာရီကျော်က ရမည်းသင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရ သည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂ )သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာက တရားလို အနေဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး ယခုလ ၁၃ရက်တွင်စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ကို ရွှေအခွန်ကြွေး ကျန်ပေးသွင်းရန် ကျန်ရှိမှုဖြင့် ထွက်ပြေးနေသည့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးရမိပြီး ယခုလ ၆ ရက်မွန်းလွဲပိုင်းကတာချီလိတ်မြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
ဦးစိုးထွန်းရှိန်သည် မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မ ရဲစခန်းမှ(ပ) ၆၁/၂ဝ၁၈၊ မြန်မာ့ သတ္တုတွင်း ဥပဒေပုဒ်မ ၃ဝ(က)/ ကျင့် ၅၁၂ အမှုဖြင့် အမှုဖွင့်တရား စွဲဆိုခံရထားရပြီး ထွက်ပြေးတိမ်း ရှောင်နေခြင်းဖြစ်သည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်းဒေသ ကြီး ရမည်းသင်းမြို့နယ်ရှိ ဧက ၆ဝဝဝ ကျော်တွင် ရွှေလုပ်ကွက် ဆောင်ရွက်ခဲ့သော်လည်းနိုင်ငံတော် သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေ ပိဿာများမပေးဆောင်သည့်အပြင် ရွှေတူးဖော်မှုကို တရားမဝင်ဆက် လက်လုပ်ကိုင်နေသဖြင့်သတ္တုတွင်း ဥပဒေအပြင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတို့ဖြင့်ပါ အမှုဖွင့်ခံထား ရခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးရမည်း သင်း မြို့မရဲစခန်းမှ(ပ) ၆၁/ ၂ဝ၁၈၊ မြန်မာ့သတ္တုတွင်း ဥပဒေ ပုဒ်မ ၃ဝ(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသောတရား ခံပြေးများဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ၂ဝ၁၉ခုနှစ် မတ်လ အတွင်းက ကြေညာထားခဲ့သည်။