images
UN
UN
ရည်းစားဖြစ်ခဲ့ဖူးသူမိန်းကလေးအားခေါ်ယူ၍ ယာခင်းတဲအတွင်း အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သူကို အမှုဖွင့်အရေးယူ
ခင်ကို(ကျောက်တံခါး) Friday, 08 November 2019
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်း အပိုင် မြို့ချောင်းကျေးရွာအုပ်စုပဲခူး ရိုးမတောင်ပေါ်တစ်မိုင်ခွဲရှိ လယ် စောင့်တဲအတွင်း အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူအား အရေးယူပေးပါရန် ဖဒိုနယ်မြေ ရဲစခန်းသို့ ယခုလ ၆ ရက်က အမှု ဖွင့်တိုင်ကြားခဲ့သည်။
မြို့ချောင်းကျေးရွာအုပ်စု ဈေး တန်း(၁)ရပ်ကွက် ကျောက်တံခါး မြို့နယ်နေသူ မ----(၁၉နှစ်) သည် အောက်တိုဘာ ၁၄ရက် ည ၇ နာရီခန့်တွင် မြို့ချောင်းကျေး ရွာဟောင်းဘုရားတွင်ဆီမီးထွန်းရန် သူငယ်ချင်းဖြစ်သူ မ---(၂ဝနှစ်) ဈေးတန်း(၁)ရပ်ကွက် မြို့ချောင်း ကျေးရွာနေသူနှင့်အတူသွားရောက် စဉ် လွန်ခဲ့သောတစ်နှစ်ခန့်က ရည်းစားဖြစ်ခဲ့ပြီးလေးလခန့်အကြာ တွင်ကွဲသွားကြသူလင်းကိုကို(၁၉နှစ်) အင်းပတ်လည်ကျေး ရွာအုပ်စု စစ်ဗိုလ်ကြီးကျေးရွာကျောက်တံ ခါးမြို့နယ်နေသူမှာ ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး လိမ်လည် ခေါ်ဆောင်သွားခဲ့ရာ ပဲခူးရိုးမ တောင်ပေါ်တစ်မိုင်သို့အရောက် တွင် အမှောင်ထဲ၌ ဆိုင်ကယ်အား ရပ်တန့်ပြီး ယာခင်းစောင့်တဲအတွင်း သို့ အတင်းဆွဲခေါ်ကာ မ----အား ဆောင့်တွန်း၍ အလိုမတူဘဲ သား မယားအဖြစ်တစ်ကြိမ်ပြုကျင့်ခံခဲ့ရ ပြီး ရှောင်တိမ်းနေသဖြင့် အလို မတူဘဲ သားမယားအဖြစ်ပြုကျင့်သူ လင်းကိုကိုအား ဥပဒေအရအရေး ယူပေးပါရန် ဖဒိုနယ်မြေရဲစခန်းသို့ အောက်တိုဘာ ၆ ရက်က သွား ရောက်တိုင်တန်းခဲ့သဖြင့် ဖဒိုနယ် မြေရဲစခန်းမှ(ပ) ၂၈၁/၂ဝ၁၉ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အရေးယူဖွင့်လှစ်ဆောင်ရွက်ကာ စခန်းမှူးရဲအုပ်အောင်မြင့်ဦးက စစ် ဆေးလျက်ရှိကြောင်း သိရသည်။