images
UN
UN
ရွေးကောက်ပွဲများတွင် အသုံးပြုသည့် ဆိုက်ဘာလုံခြုံရေးစနစ်အား ချိုးဖောက်ကာ ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်များ
ပြည့်ဖြိုးနိုင် Friday, 08 November 2019
(ယမန်နေ့မှအဆက်)
ရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သော ခြိမ်းခြောက်မှုများအား ကာကွယ်တားဆီး နိုင်ရန်အတွက် နည်းပညာနှင့်ဆိုင်သည့် ပေါင်းစပ်ဆောင်ရွက်မှုများကို ကိုယ်တိုင် သာမက အခြားမိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ် သည်။ ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ ရွေးကောက်ပွဲအတွက် တာဝန်အရှိဆုံး အဖွဲ့အစည်းများအနေဖြင့် အသုံးပြုလျက် ရှိသောစနစ်များကို ကာကွယ်ထိန်းသိမ်း နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည့်အပြင် အဖွဲ့အစည်းအပေါ် ယုံကြည်မှုလျော့ကျ သွားခြင်း မရှိစေရန်လည်း အလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲအတွက် တာဝန်ရှိသူ များ၊ ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများနှင့်ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များအား ပစ်မှတ်ထားတိုက်ခိုက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများသည် အခြား နိုင်ငံများမှ အဖွဲ့အစည်းများ သို့မဟုတ် အစိုးရပိုင်းမှ ရန်ပုံငွေထောက်ပံ့နေသော အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေလေ့ရှိ ကာ ၄င်းတို့အား ရှာဖွေဖော်ထုတ်ရန် မလွယ်ကူခြင်း သို့မဟုတ် တိကျသည့် သက်သေအထောက်အထားများ ရှာဖွေ ရန် မလွယ်ကူခြင်း စသည်များကို ကြုံ တွေ့ရလေ့ရှိသည်။ ရွေးကောက်ပွဲနှင့်ဆိုင် သည့် တာဝန်ရှိသူများနှင့် အဆင့်ဆင့် တာဝန်ယူရသူများသည် ဆိုက်ဘာတိုက် ခိုက်မှုနှင့်ဆိုင်သော လုံလောက်သည့် အတွေ့အကြုံမျိုးပိုင်ဆိုင်ရန် ခက်ခဲလေ့ ရှိသည့်အပြင် ရွေးကောက်ပွဲတွင်အသုံးပြု သည့် လုပ်ငန်းစဉ်များနှင့် အခြားဆက် စပ်ဆောင်ရွက်ချက်များကို တာဝန်ယူရ သည့် နည်းပညာကျွမ်းကျင်သူများသည် လည်း ရွေးကောက်ပွဲနှင့်ဆိုင်သည့် အတွေ့ အကြုံကောင်းများ ပိုင်ဆိုင်ရန် ခက်ခဲ သောကြောင့် ရွေးကောက်ပွဲကို ပစ်မှတ် ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများအား ရာနှုန်းပြည့်ကာကွယ်တားဆီးမှုပြုလုပ်ရန် လွယ်ကူမည်မဟုတ်ပေ။ နည်းပညာကျွမ်း ကျင်သူအများစုသည် နိုင်ငံတော်ကာ ကွယ်ရေး၊ စီးပွားရေးနှင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စသည့် အကြောင်းအရာများနှင့် ဆက်နွှယ်နေ သော ဆိုက်ဘာတိုက်ခိုက်မှုများပေါ်တွင် သာ အတွေ့အကြုံပိုရှိလေ့ရှိခြင်းကြောင့် ရွေးကောက်ပွဲနှင့်ဆိုင်သော
ဆိုက်ဘာ တိုက်ခိုက်မှုများအား ရာနှုန်းပြည့်ကာကွယ် တားဆီးရန် မလွယ်ကူခြင်းဖြစ်သည်။
ရွေးကောက်ပွဲနှင့် ဒီမိုကရေစီစနစ် အတွက် ဖော်ဆောင်သော လုပ်ငန်းစဉ် များအား ပစ်မှတ်ထားတိုက်ခိုက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများသည် မတူညီ သည့် အရင်းအမြစ်များနှင့် လုပ်ဆောင် ချက်များအပေါ် အခြေခံလေ့ရှိသည်ကို နားလည်းသဘောပေါက်ရန် လိုအပ်မည် ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ရွေးကောက်ပွဲအပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သက်၍ ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ခဲ့ရာတွင် အောက်ဖော်ပြ ပါ မေးခွန်းများအတွက် အဖြေရှာရန် လို အပ်မည်ဟု သတ်မှတ်ကြသည်။
* ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွင်း ၌ ထည့်သွင်းအသုံးပြုသော သို့ မဟုတ် ဆက်စပ်အသုံးပြုသော မည် သည့်နည်းပညာများသည် ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ဖန် တီးသကဲ့သို့ဖြစ်နေသနည်း။

* ရွေးကောက်ပွဲများ၌ မြင့်မားသည့် နည်းပညာများ ထည့်သွင်းအသုံးပြု ခြင်းမရှိသောနိုင်ငံများတွင် မည်သည့် အကြောင်းအရင်းကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ကြသနည်း။
* အစိုးရအဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းများက မည် ကဲ့သို့ပါဝင်သင့်သနည်း။
* မတူညီသော အခန်းကဏ္ဍများအား မည်ကဲ့သို့ ပေါင်းစပ်ကာ မည်သည့် အခန်းကဏ္ဍမှ မည်သည့်တာဝန်ယူ မှုမျိုးပြုလုပ်သင့်သနည်း။
* မတူညီသည့်အဖွဲ့အစည်းများက ပူး ပေါင်းဆောင်ရွက်ပေးနိုင်ရန်အတွက် မည်သည့်တရားဝင်မူဘောင်များ ချမှတ်ဆောင်ရွက်သင့်သနည်း။
* ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ မည်သည့်အစိတ်အပိုင်းအား လေ့လာ သုံးသပ်မှုပြုလုပ်သင့်သနည်း။
* ရွေးကောက်ပွဲသည် နိုင်ငံတစ်နိုင်ငံ ၏ အရေးအကြီးဆုံးအခြေခံလိုအပ် ချက်တစ်ခုဖြစ်နေပြီး အဆိုပါဖြစ် တည်မှုအပေါ် ရွေးကောက်ပွဲကော် မရှင်အနေဖြင့် လိုအပ်ချက်မရှိအောင် မည်မျှဆောင်ရွက်နိုင်သနည်း။
ယခုစာတမ်းအတွင်း၌ ရေးသားဖော် ပြမည့်အကြောင်းအရာများသည် ၂ဝ၁၈ ခုနှစ်အတွင်း၌ ပြုလုပ်ခဲ့သော လေ့လာ မှု ၂ဝအပေါ် အခြေခံထားသည့်အကြောင်း အရာများဖြစ်ကာ အစိုးရအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်များအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ဆက် စပ်နေသော အကြောင်းအရာများအပေါ် လေ့လာမှုပြုလုပ်ပြီးနောက် လေ့လာပြုစု ထားသည့် တွေ့ရှိမှုများဖြစ်သည်။ လေ့လာ မှုပြုလုပ်ရာ၌ ပါဝင်ခဲ့သော နိုင်ငံများမှာ သြစတြေးလျ၊ သြစတြီးယား၊ ဘယ်လ် ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဒိန်း မတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂျော်ဂျီ ယာ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မက္ကဆီကို၊ မော်လ်ဒိုဗာ၊ နယ်သာလန်၊ နော်ဝေ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ ဆွီဒင်၊ ယူကရိန်း၊ ဗြိတိန်နှင့်အမေရိကန် နိုင်ငံများဖြစ်ကြသည်။ အဆိုပါနိုင်ငံများ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ကာ မည်သည့်အကျိုးသက်ရောက်မှုများ ဖြစ် ပေါ်အောင် ကြိုးပမ်းခဲ့သည်ဆိုသော အချက်အား ဦးစားပေးလေ့လာထားခြင်း ဖြစ်သည်။
(Ref; Cybersecurity in Elections by Sam Van Der Staak and Peter Wolf)
(ဆက်လက်ဖော်ပြပါမည်)