images
UN
UN
ဘင်္ဂလားဒေ့ရှ်၏ ကန့်ကွက်မှုကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နိုင်ငံများအဖွဲ့ချုပ်သို့ မြန်မာနိုင်ငံ ဝင်ရောက်ခွင့်မရ
NG Friday, 08 November 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကန့် ကွက်မှုကြောင့် မြန်မာနိုင်ငံဘက်မှ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နိုင်ငံ များအဖွဲ့ချုပ်(IORA)သို့ ဝင်ရောက် ရန် လျှောက်ထားခဲ့မှုအား ပယ်ချ ခဲ့ကြောင်း စတားနေ့စဉ်သတင်း ဌာနက ဖော်ပြသည်။
အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ် နိုင်ငံများအဖွဲ့ချုပ်သည် အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသော နိုင်ငံများကြား၌ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်မှုများ တိုးချဲ့ပြု လုပ်ရေးနှင့် ဖွံ့ဖြိုးမှုအစီအစဉ်များ ဖော်ဆောင်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ် သည်။ ယူအေအီးနိုင်ငံ အဘူဒါဘီ တွင် ကျင်းပလျက်ရှိသော အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နိုင်ငံများအဖွဲ့ ချုပ်၏ ၂၁ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် မြန်မာနိုင်ငံဘက်မှ အဖွဲ့ချုပ် အတွင်းသို့ ဝင်ရောက်ရန် လျှောက် ထားမှုအား ဆွေးနွေးခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်ခွင့် မပေးရန် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ ကန့်ကွက်လွှာ အတွင်း၌ မြန်မာနိုင်ငံသည် ဘင်္ဂ လားဒေ့ရှ်နိုင်ငံအတွင်းသို့ ရောက် ရှိလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးလာသည် ဟု သတ်မှတ်ထားသော ဘင်္ဂါလီ များအား ပြန်လည်ခေါ်ယူရေး အတွက် နှစ်နိုင်ငံသဘောတူညီမှု များနှင့်အညီ ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်ရာ၌ အားနည်းချက် များ ရှိနေ၍ အဖွဲ့ချုပ်အတွင်းသို့ ဝင်ရောက်ခွင့်မပေးသင့်ကြောင်း ဖော်ပြသည်။