images
UN
UN
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီJMC-S(ရှမ်း) လူထုတွေ့ဆုံပွဲကျင်းပ
စိုင်းမျိုးသန့်(မောက်မယ်) Friday, 08 November 2019
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ နှင့် ရှမ်းပြည်နယ် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီJMC-S (ရှမ်း)မှ လူထုတွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက နမ့်လွတ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီJMC-S (ရှမ်း)အရပ်သား ကိုယ်စားလှယ် များမှ ဒုတိယဥက္ကဋ္ဌ(၂)ဦးခွန်ကျော် ဆွေက အဖွင့်အမှာစကားပြောကြား ပြီး အဖွဲ့ဝင်များဖြစ်သည့် ဦးအောင် စိုးမိုး၊ ဦးဝင်းတင့်၊ ဒေါ်နန်းခင်စန်း ယုနှင့် ဦးခွန်စိုးထွန်းအောင်တို့က NCA ဖြစ်ပေါ်လာပုံအကြောင်း အရာများ ရှင်းလင်းဆွေးနွေးခြင်း၊JMC-S (ရှမ်း)ကော်မတီ၏လုပ်ငန်း စဉ်များ( JMC TOR )ကို ရှင်း လင်းဆွေးနွေးခြင်း၊ CoC နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာကျင့် ဝတ်များ ရှင်းလင်းဆွေးနွေးခြင်း၊ အရပ်သားအကာအကွယ်ပေးခြင်း လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း၊ တိုင်ကြားမှု/ကန့်ကွက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်းများပြုလုပ်ပြီး တက် ရောက်လာကြသော ပြည်သူလူထု ၏ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပြီးJMC-L (လင်းခေး)ဒုတိယ ဥက္ကဋ္ဌ(၂)အရပ် သားကိုယ်စားလှယ်ဒေါ်နန်းလဲ့လဲ့ အေးက ကျေးဇူးတင်စကားပြော ကြားခဲ့ကြောင်း သိရသည်။