images
UN
UN
ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် ၂၈ ဦး ဒဏ်ရာရ
ပြည့်ဖြိုးကျော်(ပန်းတနော်) Friday, 08 November 2019
ဧရာဝတီတိုင်းဒေသကြီး ပန်း တနော်မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်း တလိုင်းစုကျေးရွာအနီး မိုင်တိုင်အမှတ် ၅၉/၆နှင့် ၅၉/၇ အကြားတွင် ယနေ့ နံနက် ၂ နာရီ ခန့်က အရှိန်မထိန်းနိုင်ဘဲ လမ်း ချော်ကာ တိမ်းမှောက်ခဲ့သဖြင့် ခရီး သည် ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာရန်ကုန်ဘက်မှ ပုသိမ် သို့မောင်းနှင်လာသောယာဉ်အမှတ် 9M/---- SUNLONG အမျိုး အစား ခရီးသည်တင်ယာဉ်သည် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးရှိ ပန်းတနော်မြို့နယ်တလိုင်းစုကျေးရွာ အနီး မိုင်တိုင်အမှတ် ၅၉/ ၆နှင့် ၅၉/၇ အကြားတွင် အရှိန်မထိန်း နိုင်ဘဲ လမ်းချော်ကာ လမ်း၏ ဝဲ ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်မှစီးနင်းလိုက်ပါလာသည့် ခရီးသည်စုစုပေါင်း ၂၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းဝင်းလှိုင်မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။