images
UN
UN
ထန်းတစ်ပင်ကျေးရွာနေ အမျိုးသားတစ်ဦး နန့်ရင်းချောင်းအတွင်း ငါးမိုင်းခွဲရာမှပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရ
ကချင်မြေနဂါး Friday, 08 November 2019
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် နန့်ရင်း ချောင်းအတွင်း ငါးမိုင်းခွဲရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မြစ်ကြီး နားပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထန်းတစ်ပင်ကျေး ရွာနေ မောင်မျိုးဆိုသူသည် ထန်း တစ်ပင်ကျေးရွာအနီး နန့်ရင်းချောင်း အတွင်း ငါးမိုင်းခွဲရာမှမတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် ယာဘက် လက် စုတ်ပြတ်ဒဏ်ရာ၊ ဝမ်းဗိုက် နှင့် လည်ပင်းပေါက်ပြဲဒဏ်ရာ(စိုး ရိမ်ရ)ရရှိခဲ့သဖြင့် ရွာသစ်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ယုနှင့်အဖွဲ့မှမိုးညှင်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။
ထိုသို့မိုင်းကွဲမှုကြောင့် ဒဏ် ရာရရှိသော မောင်မျိုး(၂၃နှစ်) ထန်းတစ်ပင်ကျေးရွာ မိုးညှင်းမြို့ နယ်နေထိုင်သူသည် ဒဏ်ရာပြင်း ထန်ခဲ့သဖြင့် မြစ်ကြီးနားပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။