images
UN
UN
အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားသည့် Secret File ဇာတ်ကား စတင်ရိုက်ကူး
ဒဂုံဝေလင်း Monday, 11 November 2019
ဇာတ်လမ်း/ဇာတ်ညွှန်းထူးနွယ် အိမ် ရေးသားရိုက်ကူးပြီး Lave-ndar Film ထုတ်လုပ်ရေးကနေ ရိုက်ကူးမည့် ''ှနခမနအ င်္ငူန'' ဟု အမည်ရသည့် ဇာတ်ကားကို နိုဝင် ဘာ ၉ ရက်နေ့တွင် စတင် ရိုက် ကူးနေကြောင်း သိရသည်။ အဆို ပါဇာတ်ကားတွင် သရုပ်ဆောင် မင်းမော်ကွန်း၊ တိုင်ရွန်၊D မိုးစက်၊ မင်းဟိဏ်း၊ အေးဝတ်ရည်သောင်း၊ ရတနာဗိုနှင့်အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။
ယင်းဇာတ်ကားသည် မိသားစု တစ်စုမထင်မှတ်ဘဲ ကွဲကွာသွား ခဲ့ရာကနေ မိသားစု စိတ်ဓာတ်ရှိ သည့် လူအချို့နှင့်တွေ့ဆုံရာက နေဖြစ်ပေါ်လာသည့် လွဲချော်မှု များကို သဘာဝဆန်ဆန် ရိုက်ကူး ထားသောဇာတ်လမ်းဟုသိရသည်။
''ဒီဇာတ်လမ်းကထူးနွယ်အိမ် ရဲ့ဇာတ်ပါ။ သူကိုယ်တိုင်ပဲ Director အဖြစ်ပုံဖော်မှာပါ။ ဇာတ် လမ်းပုံစံက ကွဲထွက်နေတယ်။သမားရိုးကျထဲက မဟုတ်ဘူး။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Parallel ပုံစံလေးပါ။ ပရိသတ်တွေကို တစ်ပိုင်းပြီးတပိုင်းဆွဲခေါ်သွားနိုင် မယ့်ဇာတ်ပါ။မိသားစုတစ်စုရဲ့ မထင်မှတ်တဲ့ကွဲကွာခြင်းတွေ သ ဘာဝထဲမှာဖြစ်ပျက်နေတဲ့အတိုင်း လွဲချော်မှုတွေ ကြုံရတဲ့အချိန်မှာ ကျွန်တော်ရယ်ကိုမင်းဟိဏ်းရယ်ဆီ ကိုပါလာငြိပြီး မိသားစုတစ်ခုဒုက္ခ တွေကြုံရတဲ့ပုံစံလေးပါ။ Character အပိုင်းကတော့ ကိုမင်းဟိဏ်းနဲ့ ကျွန်တော်နဲ့က သားအဖပုံစံမျိုးပါ။ တရားမဝင်တဲ့ ငွေကြေးရှာဖွေပုံစံ နဲ့ချမ်းသာတဲ့သူတွေပေါ့။ကျွန်တော် တို့နှစ်ယောက်က မထင်မှတ်ဘဲ လူသတ်မိတဲ့ပုံစံလေးပါ။ပြင်ဆင်ရ တာကတော့ ကျွန်တော်တို့ Presenter တွေက အသံချိုတယ်၊ကြည် တယ်လေ။အဲ့ဒီတော့ဒီမှာက Character နည်းနည်းမာရမှာဆိုတော့ နေတာထိုင်တာကိုက အပြင်မှာ တော်တော်ပြောင်းလဲပြင်ဆင်ရပါ တယ်'' ဟု ယင်းဇာတ်ကားတွင် ပါဝင်သောသရုပ်ဆောင်D မိုးစက် ကပြောသည်။