images
UN
UN
တရားမျှတနေ့စဉ်ဘဝ အနုပညာပြပွဲကျင်းပမည်
အဖြူရောင် Monday, 11 November 2019
တရားမျှတနေ့စဉ်ဘဝ အနုပညာပြပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၃ဝ ရက်နေ့အထိ နံနက် ၁ဝ နာရီမှ ည ၇ နာရီအထိ အမှတ်(၇၇) -၉၁ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ကျောက်တံ တားမြို့နယ်ရန်ကုန်မြို့ရှိ Old Tourist Burma အဆောက်အအုံ (မဟာ ဗန္ဓုလပန်းခြံနှင့်မျက်နှာချင်းဆိုင်) တွင် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်တရားမျှတမှုကိုဘယ်လိုမြင်ပါသလဲဆိုတဲ့ အဓိက ဦးတည်ချက်တစ်ခုနှင့် ဥရောပသမဂ္ဂမှရန်ပုံငွေပံ့ပိုးပြီးဗြိတိသျှကောင် စီမှ မိတ်ဖက်အဖွဲ့ ၅ဝ ကျော်နှင့်အတူလက်တွဲအကောင်အထည် ဖော်ဆောင်ရွက်သော MyJustice စီမံကိန်းလေးနှစ်ပြည့်အထိမ်း အမှတ်အနေဖြင့် တရားမျှတနေ့စဉ်ဘဝအနုပညာပြပွဲကို ရန်ကုန်မြို့ ၌ ကျင်းပခြင်းဖြစ်သည်။ ယခုပွဲတွင် တရားမျှတမှု၏ဖွင့်ဆိုချက် နှင့်တစ်ဦးချင်း၏ အခန်းကဏ္ဍကိုဖော်ညွှန်းသောပန်းချီ၊ရုပ်ရှင်၊ဇာတ် လမ်းများကို တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
အနုပညာပြပွဲ Platform နှင့် Bridge မှ ရိုက်ကူးသော လူထု တွင်းမှ တရားမျှတမှုအကြောင်း ဇာတ်လမ်းတို Tea Animation နှင့် Bridge တို့မှ ဖန်တီးသော အမျိုးသမီးနှင့် တရားမျှတမှုဆိုင်ရာ ဖြစ်ရပ်မှန် အယ်နီမေးရှင်းဇာတ်လမ်းတို Thet Htoo ,Thi Ha Zaw, Aung Kyaw Kyaw တို့၏ ဓာတ်ပုံများကိုလည်း ပြသသွားမည် ဖြစ်ပါသည်။
Myanm art မှ စုစည်းပြသပြီး Bridge မှပြပွဲဒီဇိုင်းကို တာဝန် ယူထားပြီး ပန်းချီ၊ရုပ်ရှင်၊ဇာတ်လမ်းအနုပညာပြပွဲ၊ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။
MyJustice စီမံကိန်းသည် မြန်မာနိုင်ငံရပ်ရွာလူထုအတွက် အမှုအခင်း အငြင်းပွားမှုများကို သာတူညီမျှစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပံ့ပိုးပေးနိုင်ရန်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ရွာအခြေပြုအဖွဲ့များနှင့် လက်တွဲကာ ဝင်ငွေနည်းပြီး တရားမျှတမှု ကို လက်လှမ်းမီနိုင်စွမ်းနည်းသူများအတွက် အမှုအခင်း/အငြင်းပွားမှု ကို တရားမျှတစွာဖြေရှင်းနိုင်မည့်နည်းလမ်းများ ရေရှည်တည်တံ့ နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။