images
UN
UN
လိုအပ်ချက်တွေရှိရင် ပရိသတ်ကချစ်တဲ့ မျက်လုံးလေးတွေနဲ့ကြည့်ပေးပါဆိုတဲ့ အလှမယ် ဝိုင်းနန္ဒာကျော်
ရွှေရောင် Monday, 11 November 2019

အနုပညာလောကထဲကိုအသစ် တစ်ယောက်အနေနဲ့ ဝင်လာတဲ့ အတွက် လိုအပ်ချက်တွေရှိရင် ပရိ သတ်က ချစ်တဲ့မျက်လုံးလေးတွေ နဲ့ကြည့်ပေးပါလို့ အလှမယ် ဝိုင်း နန္ဒာကျော်က ပြောခဲ့သည်။
ဝိုင်းနန္ဒာကျော်ကတော့ Mister Miss & Mrs Tourism Beauty of The World တွင် City winner ဆုနဲ့ faction winner ဆုများကိုရရှိခဲ့သည့် အလှမယ် တစ်ယောက်လည်းဖြစ်ပြီး လက် ရှိတွင် ကြော်ငြာလေးတွေနဲ့တခြား အနုပညာလှုပ်ရှားမှုတွေကို လုပ် ကိုင်နေကြောင်းလည်း သိရသည်။
''အခုမှအနုပညာလောကထဲ ကိုစဝင်တဲ့အတွက် အားပေးပါလို့ လိုအပ်ချက်တွေရှိနေရင်လည်း ပရိ သတ်ချစ်တဲ့ မျက်လုံးလေးနဲ့ ကြည့် ပေးပါလို့ပြောချင်ပါတယ်''ဟုအလှ မယ်ဝိုင်းနန္ဒာကျော်က ပြောခဲ့ သည်။ ညီအစ်ကိုမောင်နှမလေး ယောက်ထဲမှ သူမတစ်ယောက် သာ အနုပညာကို ဝါသနာပါသူ ဖြစ်ပြီး အသက်တစ်ဆယ့်နှစ်နှစ် အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့တာလို့လည်း သိရ သည်။
အလှမယ်တစ်ယောက်ဖြစ်တဲ့ အတွက် ပရဟိတအလုပ်တွေမှာ လည်းအလျဉ်းသင့်ပါက လုပ်ကိုင် ပေးပြီး အားကစားမှာတော့ ကြက် တောင်ရိုက်အားကစားကို ကစား ဖြစ်ကြောင်း၊ဖက်ရှင်နဲ့ပတ်သက်ရင် တော့ပြောင်းလဲနေတဲ့အတိုင်းအသစ် အဆန်းလေးတွေကို သဘောကျ ကြောင်းလည်း ပြောပြခဲ့သည်။