images
UN
UN
ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှု ပေါင်မြို့နယ်တွင်ဖြစ်ပွား
နိုင်နိုင်(မွန်) Monday, 11 November 2019
မွန်ပြည်နယ် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာ ရန်ကုန်-မော်လ မြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၇၉/၇ နှင့် ၁၈ဝ/ဝ အကြား Kyaw San ဆီဆိုင်ရှေ့၌ ယမန်နေ့ ည ၁၂ နာရီက ဆီဆိုင်အတွင်းမှ မောင်းထွက်လာသော ပေါင်မြို့နယ် အလှပ်ကျေးရွာနေ ဖြိုးကို(၂၅နှစ်) မောင်းနှင်ပြီး နောက်တွင် တစ်ရွာ တည်းနေ သိန်းနိုင်ဦး(၁၈နှစ်) စီးနင်းလိုက်ပါလာသည့် Honda Wave အမျိုးအစား၊ အဖြူရောင် ဆိုင်ကယ်အမှတ်၊ ၆၃ယ/--- ဆိုင်ကယ်အား ပေါင်မြို့ဘက်မှ မုတ္တမမြို့ဘက်သို့ အသက် (၂ဝ)ခန့် အမည်မသိ အမျိုးသား(စုံစမ်းဆဲ) မောင်းနှင်လာသည့် Honda Wave အမျိုးအစား အမည်းရောင်ဆိုင် ကယ်အမှတ် ၂၅ယ/---- ဆိုင် ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ခဲ့ကြရာ ဖြိုးကိုတွင် နဖူးပေါက်ပြဲ၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ (မစိုး ရိမ်ရ)နှင့် သိန်းနိုင်ဦးတွင် ဝဲ/ယာ မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာ (စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့သဖြင့် မော်လမြိုင် မြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မုတ္တမနယ် မြေရဲစခန်းမှ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဖြိုးကိုနှင့် အမည်မသိ အမျိုးသား (စုံစမ်းဆဲ)တို့နှစ်ဦး အပေါ် ယာဉ်(ပ)၃၁/၂ဝ၁၉၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။