images
UN
UN
ပံ့သကူရှာရသည့်ကော်ဖီမစ်ထုတ်များစားသုံးမိရာမှ ကလေးငယ်နှစ်ဦး အစာအဆိပ်သင့်သေဆုံးမှုဖြစ်ပွား
Wednesday, 13 November 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် သုံးထောင် ကျေးရွာအုပ်စု သုံးထောင်ကျေး ရွာတွင် ယမန်နေ့ ညပိုင်းက ပံ့သ ကူရှာဖွေရာမှရရှိသည့် ကော်ဖီမစ် ထုတ်စားသုံးရာမှ ကလေးငယ် နှစ်ဦး အစာအဆိပ်သင့်၍ သေဆုံး မှုဖြစ်ပွားခဲ့ကြောင်း နှောကန်နယ် မြေရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ မလှိုင်မြို့နယ် သုံး ထောင်အုပ်စု သုံးထောင်ကျေးရွာမှ ဆဋ္ဌမတန်းကျောင်းသူ မရွှေနန်းနွယ် (၁၃)နှစ်နှင့် ပထမတန်းကျောင်း သူ မထက်နန်းနွယ်တို့ ညီအစ်မ နှစ်ဦးသည် သုံးထောင်ကျေးရွာ အတွင်း ပံ့သကူပစ်ထားသည့် အထုတ်များအား လိုက်လံရှာဖွေ ကောက်ယူရာ ကာလတန်ဖိုး (၅ဝ)ကျပ်တန်တံဆိပ်ပါကော်ဖီမစ်ထုတ်အားတွေ့ရှိ ကောက်ယူရရှိပြီး နောက်ထပ်ပံ့သကူများအား လိုက်လံရှာဖွေရင်း ညီအစ်မနှစ်ဦး ကော်ဖီမစ်ထုပ်အား တစ်ယောက် တစ်ထုပ်စီဖောက်ကာ ကော်ဖီမှုန့်များအား လျှာဖြင့်ယက်ကာစားသောက် နေစဉ် ယခင်က မည်သည့်အစာများစားထားခြင်းမသိရှိရဘဲ အစာအဆိပ် သင့်သည့် လက္ခဏာများဖြင့် မူးဝေအော့အန်ကာ သတိလစ်သွားသဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် သေဆုံး သွားခဲ့ကြောင်း နှောကန်နယ်မြေ ရဲစခန်းမှူးရဲအုပ်အေးမင်းထံမှ သိရသည်။
၎င်းတို့သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နှောကန်နယ်မြေရဲစခန်းမှ သေမှုသေခင်း ၂/၂ဝ၁၉ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။ ဘိုဘို(မလှိုင်)