images
UN
UN
အတိုက်အခံတက်ကြွလှုပ်ရှားသူများအား ကြေ<ွာဒီးယားအစိုးရ လွတ်ငြိမ်းချမ်းသာခွင့်ပေး
Thursday, 14 November 2019
ကမ္ဘောဒီးယားအစိုးရသည် အစိုးရ အား ဖြုတ်ချရန် ရည်ရွယ်သည့် လှုပ်ရှား မှုများ ပြုလုပ်ခဲ့သည်ဟု သတ်မှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသော အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၇ဝ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လွှတ်ပေးခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ၃၄ နှစ်ကြာ တာဝန်ယူခဲ့ပြီးဖြစ်သော ဟွန်ဆန် သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပေး အပ်နေသော ဖိအားများမြင့်တက်လာခြင်း ကြောင့် အတိုက်အခံနိုင်ငံရေးတက်ကြွလှုပ် ရှားသူများအား လွှတ်ပေးခဲ့ခြင်းဖြစ်သည် ဟု သုံးသပ်ကြသည်။ ဥရောပသမဂ္ဂအပါ အဝင် အနောက်နိုင်ငံများသည် ကမ္ဘောဒီး ယားအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းဆိုးများကြောင့် ပေးအပ်ထား သည့် အထူးအခွင့်အရေးများအား ပြန်လည် ရုပ်သိမ်းမည်ဟု သတိပေးထားသည်။
NG(Ref; Reutres)