images
UN
UN
တောင်ကိုရီးယားအား အမေရိကန်ဘက်မှ ရာနှုန်းပြည့် အကာအကွယ်ပေးမည်
Thursday, 14 November 2019
အမေရိကန်အစိုးရအနေဖြင့် တောင်ကိုရီးယားနိုင်ငံအား ရည်ရွယ်သည့် စစ်ရေးအရ တိုက်ခိုက်မှုအားလုံးကို ရာနှုန်းပြည့်အကာအကွယ်ပေးနိုင် ရန် လုပ်ဆောင်ထားပြီးဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အတွင်း၌ ဖော်ပြသည်။
ဆိုးလ်မြို့တွင် ပြုလုပ်ခဲ့သော အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနများမှ ထိပ်တန်းအရာရှိများပါဝင်သော ဆွေးနွေး ပွဲတစ်ရပ်၌ အမေရိကန်နှင့် တောင်ကိုရီးယားပူးပေါင်းပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုများအပေါ် မြောက်ကိုရီးယားဘက်မှ ခြိမ်းခြောက်မှုများ ပြု လုပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ၌ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို အမေရိကန်ဘက်မှ တောင်ကိုရီးယားအား အကာအကွယ်ပေးရန် ပြင်ဆင် ထားပြီးဖြစ်သည်ဟု ကတိပြုခဲ့သည်။ တောင်ကိုရီးယားနိုင်ငံအတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်တပ်စွဲနေခြင်းနှင့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားခြင်းအပေါ် ဆန့်ကျင်နေ သည့် တောင်ကိုရီးယားနိုင်ငံသားများ ရှိနေသော်လည်း တောင်ကိုရီးယား အစိုးရကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် အတွက် အမေရိကန်တပ်များ လိုအပ်သည်ဆိုသော မူဝါဒအား ဆက်လက် ကိုင်စွဲလျက်ရှိသည်။
NG(Ref; USA Today)