images
UN
UN
မိုဒရစ်အား အင်တာမီယာမီအသင်းက ခေါ်ယူလို
Thursday, 14 November 2019
ဒေးဗစ်ဘက်ခမ်း၏အင်တာမီယာမီအသင်းသည် ကစားသမားရှာ ဖွေမှုများပြုလုပ်နေရာ ယခုအခါတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစား သမားမိုဒရစ်အား ကမ်းလှမ်းရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ အင်တာမီယာမီအသင်းသည် ၂ဝ၂ဝ ပြည့်နှစ် မေဂျာလိဂ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ လက်ရှိအချိန်အထိ ကစားသမား အနည်း ငယ်သာ ခေါ်ယူထားရသေးသော အင်တာမီယာမီအသင်းသည် ဥရောပ ထိပ်သီးလိဂ်များမှ အသက်အရွယ်ရလာပြီဖြစ်သော ကစားသမားများကို ဦးစားပေးပစ်မှတ်ထားလျက်ရှိသည်။ သို့သော် မိုဒရစ်သည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာဖွယ်မရှိဘဲ နွေရာသီအပြောင်းအရွှေ့မှသာ ထွက်ခွာဖွယ်ရှိသည်။ အင်တာမီယာမီ အသင်းသည် မက်ဆီ၊ ကာဗာနီ၊ ဆွာရက်ဇ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို လည်း ခေါ်ယူရန်ဆက်သွယ်လျက်ရှိသည်။ Ref ;AS