images
UN
UN
ဘာစီလိုနာအသင်း တိုက်စစ်မှူးရှာဖွေနေသည်မှာ မှန်ကန်ကြောင်း ဆွာရက်ဇ်ဖွင့်ဟ
Thursday, 14 November 2019
ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ၄င်း၏ နေရာတွင် အစားထိုးမည့်တိုက်စစ်မှူး ရှာဖွေနေ ခြင်းကို ထောက်ခံပြောကြားလိုက်သည်။ ဆွာရက်ဇ် သည် ဘာစီလိုနာအသင်းအတွက် ပွဲ ၂၆ဝ အထိ ပါဝင်ကစားထားပြီး ၁၈၅ ဂိုးအထိ သွင်းယူပေး ထားသူဖြစ်သည်။ သို့သော် အသက် ၃၂ နှစ် ရှိပြီ ဖြစ်သော ဆွာရက်ဇ်သည် ဘာစီလိုနာအသင်း၏ အဓိကကစားသမားနေရာတွင် ဆက်လက်ပါဝင်နိုင် ရန် အခက်အခဲများရှိနေပြီး ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရခြင်းကြောင့်လည်း ၄င်း၏နေရာတွင် အစားထိုးမည့်သူကို အသင်းက ရှာဖွေနေခြင်း ဖြစ်သည်။
ဆွာရက်ဇ်က ''ဘာစီလိုနာလို အသင်းမျိုးမှာ နေရာရဖို့အတွက် လိုအပ်ချက်တွေက အများကြီးပါပဲ။ ဒါကြောင့် အသင်းအနေနဲ့ ရေရှည်မျှော်လင့်ချက် အတွက် တိုက်စစ်မှူးသစ်ရှာနေတာ မှန်ကန်ပါတယ်'' ဟု ပြောကြားခဲ့သည်။ Ref ;Ovacion