images
UN
UN
လမ်းပတ်ကြောင့် ချဲလ်ဆီးတွင် ဆက်နေခဲ့ခြင်းဟု ဟက်ဆန်အိုဒွိုင်းဖွင့်ဟ
Thursday, 14 November 2019
ချဲလ်ဆီးတောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းက အသင်းတွင် ဆက်နေဖြစ်ခဲ့ခြင်းမှာ နည်းပြလမ်း ပတ်ကြောင့်ဖြစ်သည်ဟု ဖွင့်ဟ လိုက်သည်။ အသက် ၁၉ နှစ်သာ ရှိသေးသော ဟက်ဆန်အိုဒွိုင်းကို ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူရန်ဆက်သွယ်ခဲ့ ပြီး ပြောင်းရွှေ့ရန်လည်း ကစား သမားဘက်က စဉ်းစားခဲ့သည်။ သို့သော် ဟက်ဆန်အိုဒွိုင်းသည် ချဲလ်ဆီးအသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီး ငါးနှစ်စာချုပ်သစ် ချုပ်ဆိုရန်ပါ သဘောတူညီခဲ့သူ ဖြစ်သည်။
''လမ်းပတ်က ကျွန်တော့် အပေါ်မှာ ယုံကြည်မှုရှိခဲ့သလို ကျွန်တော်နဲ့တွဲပြီး အလုပ်လုပ်ချင် တယ်လို့ ပြောခဲ့ပါတယ်။ ပြီး တော့ သူနဲ့တွဲပြီး အလုပ်လုပ်ဖို့ ယုံကြည်မှုရှိလားဆိုတဲ့မေးခွန်းကိုပါ မေးခဲ့ပါတယ်။ သူက အနာဂတ် အစီအစဉ်တွေထဲမှာ ကျွန်တော့်ကို ထည့်သွင်းထားတယ်ဆိုတာကိုပါ ပြောကြားခဲ့ပါတယ်။ သူနဲ့ စကား ပြောပြီးနောက်မှာတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် ချမှတ်နိုင်ခဲ့ပါတယ်''ဟု ဟက် ဆန်အိုဒွိုင်းက ပြောကြားခဲ့သည်။
၎င်းသည် ပြီးခဲ့သောရာသီ ကုန်ခါနီးတွင် ခြေဖနောင့်ကြော ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ရုန်းကန် ခဲ့ရပြီး ပြန်လည်ပါဝင်နိုင်ချိန်တွင် လည်း ၄င်း၏ယခင်ခြေစွမ်းကို ပြန်လည်ရရှိရန် ရုန်းကန်နေရသည်။ သို့သော် အပြောင်းအရွှေ့ပိတ်ပင် ခံထားရသော ချဲလ်ဆီးသည် ၄င်း တို့ကိုသာ ဆက်လက်အားကိုးနေရ ဆဲဖြစ်သည်။ Ref ;Sportsmole