images
UN
UN
ထန်းတပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်သင်တန်းဖွင့်
ဇော်သိန်း(ထန်းတပင်) Thursday, 14 November 2019
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်သော မဲရုံကိုယ်စား လှယ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပကြောင်း သိ ရသည်။
ပထမဦးစွာ သင်တန်းဖွင့်ပွဲကို နိုင်ငံ တော်သီချင်းဖြင့်အလေးပြုကြသည်။အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်မောင်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ထန်းတပင် မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းရီ၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးလှအောင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်တို့ တက် ရောက်ခဲ့ကြသည်။
သင်တန်းကို ယခုလ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စုစု ပေါင်းသင်တန်းသား ၂ဝဝ တက်ရောက် ကြောင်း သိရသည်။