images
UN
UN
ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့ တပ်ကုန်းမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်
Thursday, 14 November 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနယ်လှည့်ဆေးကုသရေး အဖွဲ့ ဒေါက်တာမြတ်သူရဌေးနှင့် ဆရာဝန်များအဖွဲ့က ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် လယ် ပြင်မကျေးရွာအုပ်စု ထန်းတပင် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဝေနေအိမ်၌ အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်ပေးခဲ့သည်။ထိုသို့ အခမဲ့ဆေးကုသပေးရာသို့ ပြည်ထောင်စုနယ်မြေနာယက ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဒေါ်သီတာထွေး၊ဥတ္တရခရိုင်ပါတီအတွင်းရေး မှူး ဦးဇော်မျိုးသိန်း၊ခရိုင်ဘဏ္ဍာရေးမှူးဦးခင်မောင်မိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်းဗိုလ် နှင့်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များက ရာသီတုပ်ကွေး၊ လေဖြန်း နှင့် အထွေထွေရောဂါ လူနာ ၁၇၃ ဦးတို့အား ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးခဲ့ကြရာ ဆေးကုသမှုခံယူသူ သက်ကြီးရွယ်အိုများက ပြည်ခိုင်ဖြိုးပါတီကြီးအား ကျေးဇူးတင် ဝမ်းမြောက်စကားများပြောကြားခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက်ကုသပေးစေ လိုကြောင်း ပြောကြားခဲ့သည်။
အောင်အောင်(နေပြည်တော်)