images
UN
UN
ထူးချွန်ကျေးရွာ ရွေးချယ်ခံရသည့် နန်းခလဲစံပြကျေးရွာတွင် ဆုရရှိငွေဖြင့်ကွန်ကရစ်လမ်းခင်း
ကိုကျော်(သုံးခွ) Sunday, 17 November 2019
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာဆယ်မာအူးလ်အွန်ဒုံ SMU ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန်းခလဲစံပြကျေးရွာတွင် စီမံကိန်းတတိယ နှစ်၂ဝ၁၈ခုနှစ်၌ (က)အဆင့်ထူးချွန်ကျေးရွာအဖြစ် ရွေးချယ်ခံရ သဖြင့် ဆုရရှိငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဦးချစ်စိန်လမ်း (၃၉၂ဒx၆ဒ x၆ဒဒ)ကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ခင်းကျင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းကို နန်းခလဲစံပြကျေးရွာSMU ဥက္ကဋ္ဌ ဦးတင်လင်း နှင့် ကော်မတီဝင်များကဦးဆောင်ကာ ကျေးရွာသူကျေးရွာသား များက အလှူငွေအပြင် လုပ်အားဒါန၊ အာဟာရဒါနများပါဝင် ကူညီလျက်ရှိပြီး ဦးသံတိုင်၊ ဒေါ်ဝင်းတင်၊ ဦးနိုင်၊ ဒေါ်တင်ထွေးရီ မိသားစုတို့က ကြာဆံချက်ဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြောင်း သိရသည်။