images
UN
UN
မမေ့သင့်သော ပါတော်မူနေ့
မောင်ဉာဏ်စိန် Sunday, 17 November 2019
နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့သည် ကမ္ဘာတည်သရွေ့ မမေ့ အပ်သော ပါတော်မူနေ့ဖြစ်ပေသည်။ လွတ်လပ်ရေးနေ့သည် အောင်ပွဲခံသော နေ့ဖြစ်၍ အမြဲမပြတ် သတိရကြသော် လည်း ပါတော်မူနေ့ကိုမူ မေ့လျော့တတ် ကြသည်။ မြန်မာတို့၏ နောက်ဆုံးရှင် ဘုရင်ဖြစ်သော သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူကြသောနေ့ဖြစ်ပြီး ထီးပျောက်၊ နန်းပျောက် ကျွန်ဘဝသို့ လုံးဝ ရောက်ခဲ့ သောနေ့ဖြစ်၍ ဤနေ့ကိုမမေ့သင့်ကြပေ။
မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန် ဆောင်မုန်းလဆုတ် ၈ ရက်နေ့ မွန်းလွဲ ၃နာရီအချိန် ပါတော်မူခါနီး နောက်ဆုံး မြင်ကွင်းကို ကုန်းဘောင်ဆက် မဟာ ရာဇဝင်တော်ကြီး (တတိယတွဲ) တွင် ဝန်ထောက်မင်း ဦးမောင်မောင်တင်က အောက်ပါအတိုင်း မှတ်တမ်းတင်ထား ခဲ့သည်။
''မှူးတော်၊ မတ်တော်တို့စုံလျှင် ကိုဋ်နီလ်စလေဒင်က အသျှင်နှစ်ပါးကို အင်္ဂလိပ်မင်းနိုင်ငံသို့ ယူဆောင်ရမည် ဖြစ် ၍ ဂေါဝိန်သင်္ဘောဆိပ်သို့ ထွက်တော်မူ ပါမည့်အကြောင်းနှင့် လျှောက်ထား၍ ညနေ ၃ နာရီအချိန်၊ အသျှင်ဘဝရှင် မင်းတရားကြီးဘုရား၊ အသျှင်နန်းမတော် မိဖုရားခေါင်ကြီးဘုရား၊ သမီးတော်ထိပ်စု ဘုရားကြီး၊ ထိပ်စုဘုရားလတ်၊ အစ်မ တော် မိုင်းနောင်စုဘုရားကြီး၊ ညီမတော် ရမည်းသင်းစုဘုရားကလေး၊ မယ်တော် ဆင်ဖြူမရှင်ဘုရားနှင့်တကွ နောက်တော် လိုက် အထိန်းတော်၊ အပျိုတော်၊ မြို့စား၊ ရွာစားတို့ပါ စံနန်းတော်က ရွှေနန်းတော် ကြီး တောင်စမုတ် လှေကားတော်သို့ တက်တော်မူပြီးလျှင် မြေနန်းတော်ဦး မင်းတက်လှေကားက ဆင်းသက်တော်မူ ကြ၍ အမြောက်ဝန်မဖဲမြို့စား၊ အတွင်းဝန် ရွှေတိုက်ဝန် ပေါက်မြိုင်မြို့စားတို့ ဘီရို လှည်းနှစ်စီးတွင် သား မယ်တော်ခုနစ်ပါး ရွှေစက်တင်တော်မူရသည်။ ဝက်မစွတ် ဝန်ထောက်၊ ပင်းတလဲ ဝန်ထောက်တို့က ထီးဖြူတော်နှစ်ချပ်အုပ်မိုးလျက် အင်္ဂလိပ် စစ်သည် တထောင်ကျော်ခန့် ဝဲယာသွယ် တန်းပြီးလျှင် ရွှေနန်းတော်ဦး ရွေးတော် ယူတံခါးကထွက်၍ မြို့တော် တောင် မျက်နှာ ကျော်မိုးတံခါးမှ ဂေါဝိန်သင်္ဘော ဆိပ်ရောက် ထွက်တော်မူရလေသည်''။
(မူရင်းသတ်ပုံအတိုင်းဖြစ်သည်။)



ထိုကဲ့သို့ ပါတော်မူစဉ် ရတနာပုံ မန္တလေးမြို့သူ၊ မြို့သားတို့၏ ကိုယ်တွေ့ မျက်မြင်ရင်ထဲတွင် ခံစားခဲ့ကြရပုံကို လည်း ကုန်းဘောင်မဟာရာဇဝင်တော် ကြီး(တတိယတွဲ)တွင် ကျမ်းပြုသူ၊သမိုင်း ဆရာကအောက်ပါအတိုင်း မှတ်တမ်း တင်ထားသည်ကို တွေ့ရသည်-
''မြန်မာလူမျိုး၊ မိန်းမ၊ ယောက်ျား တို့လည်းလမ်းစဉ်တစ်လျှောက်က ကြည့် ရှုကာဖြင့် ငါတို့ရှင်ဘုရင်ကို အပါဆောင် လေပြီဆို၍ နှမြောလွမ်းဆွတ်ခြင်းနှင့် တကွ၊ မျက်ရည်သုတ်ကာ သုတ်ကာ ပြောဆိုမြည်တမ်းကြလေ၏။''
အင်္ဂလိပ်တို့၏ လှည့်ကွက်ကိုယုံမိလေ ပြီဟု မြန်မာတို့သည် ချက်ချင်းသိကြ သည်။ ထို့ကြောင့် ပဒေသရာဇ်အနွယ် တို့သည်လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တို့သည်လည်း ကောင်း ''သူ့ကျွန်မခံပြီ''ဟူသော စိတ် ဓာတ်ဖြင့် ချက်ချင်းပင် တော်လှန်ပုန်ကန် ခဲ့ကြသည်။ ရွှေဘိုက ထိပ်တင်မှတ်၊ ကျောက်ဆည်နယ်က ဗိုလ်သာကျန်၊ ဆင်ဖြူကျွန်းက ဗိုလ်ဥတ္တမ၊ ပုပ္ပားက ဦးနက်ကျော်၊ ဇီးပင်ကြီးက မြင်းစိုင်းမင်း သား၊ ဝန်းသိုနယ်က ဝန်းသိုစော်ဘွား ကြီး၊ ပုဂံကဗိုလ်ချို၊ ဝဲလောင်ဗိုလ်ရာညွန့်၊ မင်းတုန်းက ဗိုလ်ရွဲ၊ ရှိမ်းမကားက ဗိုလ် ရိုင်း၊ ဗိုလ်လှကျော်၊ နတ်မောက်က ဗိုလ် မင်းရောင်(ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး)၊ ငဖဲက ဗိုလ်ဆွဲနှင့် ရွှေချိုးဖြူမင်းသား၊ ကြည့်မြင်တိုင်မင်းသား၊ ဗိုလ်ချင်းစသည် တို့မှာ ထင်ရှားလှသော အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးခေါင်းဆောင်များပင်ဖြစ်သည်။
ဤကဲ့သို့ တော်လှန်ပုန်ကန်သူများက တော်လှန်ပုန်ကန်နေကြသကဲ့သို့ စာပေ အနုပညာရှင်များကလည်း သူ့ကျွန်ဘဝ ရောက်ရသည်ကို ခံပြင်းကြသည်။ ပြည် သူ၊ ပြည်သားများကား ဆိုဖွယ်ရာမရှိပြီ။ ပါတော်မူရခြင်းအပေါ် မိမိတို့၏ အမြင် မိမိတို့၏ ခံစားချက်များကို ရှုထောင့် အသီးသီးမှ တင်ပြကြသည်။
''မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့၊ သံဝေ ဓမ္မ၊ ယူကုန်ကြလော့'' အစချီသော ကဗျာတွင် ဆီးဘန်နီ ဆရာတော်က အောက်ပါအတိုင်း ရင်ဖွင့်ခဲ့ပေသည်-
''ကိုယ်မှီရာကို၊ ကိုယ်သာဖျက်ဆီး ဖိကာစီးသည်၊မှူးကြီးမတ်ငယ်၊မာလော နွယ်တို့၊ ဝှက်ကွယ်လှည့်ရိုက်၊ သူ့ဖက် လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆယ့်ခုနစ်နှစ်၊ နန်းစံရှစ်တွင် ကသစ် ဘုံနေ၊ သိကြာြးေ<ွကသို့၊ ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မိစ္ဆာမောဟ၊ြ>ွပမ်ြး>ွပမ်း ထသည့် ကုလာ့နိုင်ငံ၊ လွှဲပြောင်းစံရှင့်''။
ဆရာတော်သည် ဤမျှနှင့် မချုပ် တည်းနိုင်၊ မကျေနပ်နိုင်သေးဘဲ ''သုဉ်း သုံးဝ''အမည်ရှိသော ကဗျာတွင် နာနာ ကြည်းကြည်းဖြင့် အောက်ပါအတိုင်း စပ် ဆိုခဲ့သည်ကို တွေ့ရသည်။
''သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင် ၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်း ကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ် ဖြစ်လာ ရလေ။ ထိုတစ်တွေသည် သေသော် မှတည်၊ သြော်ကောင်း၏''
အထက်ဖော်ပြပါခံစားချက်မှာ ဆီး ဘန်နီဆရာတော်တစ်ပါးတည်း၏ ခံစား ချက်မဟုတ်။ မန္တလေးရတနာပုံမြို့သူမြို့ သားတို့၏ ခံစားချက်လည်းဖြစ်၍ ပြည် ထောင်စုတိုင်းရင်းသားအားလုံး၏ ခံစား ချက်လည်းဖြစ်ပေသည်။ ကိုလိုနီနယ်ချဲ့ သမားတို့ကို ဆန့်ကျင်တိုက် ခိုက်ရာတွင် အရေးပါလှသော ကဗျာဖြစ်ပေသည်။
အချုပ်တန်း ဆရာဖေကလည်း ပါ တော်မူရသည့်အဖြစ်ကို စိတ်အနာကြီးနာ ကာ အောက်ပါအတိုင်း ဖွဲ့ဆိုခဲ့ပြန်လေ သည်။
''မြတ်ကောဇာလှစ်ဆိုလို့ ပြရမှာဖြင့် သက်ဇောဒွါ၊ အစ်ကိုကျခါမှ၊ခေတ်ညိုလှ၊ မြန်မာပြည်၊အို...ကွယ်ဟစ်ငိုစရာအခါပေ။
အချုပ်တန်း ဆရာဖေသည် တစ်ဖက် တွင် ဟစ်ငိုလိုက်ချင်သကဲ့သို့၊ ဒေါသများ ပေါက်ကွဲပြီး''ဟိုလူ့ကိုဆဲချင်၊ ဒီလူ့ကို ဆဲချင်''စိတ်လည်း ဖြစ်ခဲ့ဟန်တူသည်။ ထို့ကြောင့်လည်း အလွန်ကျော်ကြားလှ သော အောက်ဖော်ပြပါကဗျာတစ်ပုဒ်ကို ဆရာဖေသည် စပ်ဆိုခဲ့လေသည်။
''မြန်မာတွေ၊ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ။ မှီးကွန်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး။ မိပစ်လို့ ဖရှောင်သွေသည်၊ ဂွကောင်တွေ၊ ခွေး ဖြစ်ပေါ့ဗျိုး။''
''မြန်မာချင်းြ<ွကားကြချင်၊ ဓားပြ သွင်သူခိုး။ ကုလားမြင်လျှင် သူ့အမေရိုး တော့မလို၊ ခုမြေလျှိုးပုန်းရှောင်။ မိုက် မနော် ပြုမဟေးရယ်နဲ့၊ သူ့ပထွေးတော့၊ ထွက်၍မဟောင်။ ပြောရောဟဲ့၊ ရာဇဝင် ပြောင်အောင်၊ စာဇင်တောင်ဒူးချလို့။ ပလူး ကြ၊ ပြေးကြို့ခါခါ၊ ခွေးသို့ပမာ။ တွေး လိုက်တိုင်း၊ အရိုးနာတယ် အမျိုးပါ ဆဲချင်ပေါ့လေး''
စည်းကမ်းဖောက်လို့ ထီးနန်းပျောက် သည်ဟုလည်းကောင်း၊ မိဘအစစ်ကို ပစ်ပြီး မိဘအသစ်ကို ရှာကြသည်ဟု လည်းကောင်း၊ ယခုတော့ ခွေးဖြစ်ကုန် ကြပြီဟုလည်းကောင်း၊ ပျစ်ပျစ်နှစ်နှစ် ရက်ရက်စက်စက် ပြောဆိုထားပေသည်။ ကိုယ့်အချင်းချင်ြး<ွကားချင်ကြပြီး ကုလား (ကုလားဖြူ၊ အင်္ဂလိပ်)ကို မြင်လျှင် ပုန်း ရှောင်နေကြသည်ဟုလည်းကောင်း၊ ပက် ပက်စက်စက် ပြောဆိုထားပေသည်။ ပထွေးနှင့်တူသည့် အင်္ဂလိပ်ကို ခွေးပမာ ပြေး၍ အောက်ကျို့နေကြသည်ဟုလည်း ရှုတ်ချပြစ်တင်ထားပေသည်။ တွေး လိုက်တိုင်း ''အရိုးနာတယ်၊ အမျိုးပါ ဆဲချင်ပေါ့လေး'' ဟု အဆုံးသတ်ထား ပေသည်။ ဆရာဖေ၏ ခံစားချက် ကဗျာ သည် ပါတော်မူချိန်၊ ပြည်သူတို့၏ ခံစား ချက်ကိုလည်း ထင်ဟပ်ဖော်ပြလိုက်ခြင်း ပင် ဖြစ်သည်။
ပါတော်မူချိန် ပြည်သူတို့၏ ခံစား ချက်ကိုမျက်မှောက်ခေတ် ပြည်သူ၊ ပြည် သားတို့သည်လည်း ထင်ဟပ်ခံစားသိကြ ပေသည်။ မိမိတို့၏ ဘိုးဘေးများလက် ထက်က အတွေ့အကြုံမျိုးမိမိတို့၏ လက် ထက်တွင် မတွေ့ကြုံရစေရန်၊ သတိပြု သင့်ကြပေသည်။ စိန်ခေါ်မှုတွေ များပြား လှသော မျက်မှောက်ခေတ်တွင် တစ် ခေတ်တစ်ခါတုန်းက ကျွန်ဖြစ်ခဲ့ဖူးသည် ကိုမမေ့ကြရန်နှင့် ပါတော်မူခဲ့ဖူးသည်ကို သတိရနေကြစေရန် တိုက်တွန်းရေးသား လိုက်ရပေသည်။