images
UN
UN
ထော်လာဂျီယာဉ်အား နောက်မှဝင်တိုက်သည့် ဆိုင်ကယ်မောင်းသူသေဆုံး
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 17 November 2019
ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း ပြည်ထောင်စု လမ်းမကြီးတွင် ယမန်နေ့က ရပ် တန့်ထားသည့် ထော်လာဂျီယာဉ် အား ဝင်ရောက်တိုက်မိသည့် ဆိုင် ကယ်မှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၅ရက် ညနေ၆နာရီ ၁၅မိနစ်က မိုးကောင်း မြို့ ကျွန်းတောရပ်ကွက် ရွှေတောင် စက်သုံးဆီအရောင်းဆိုင်အနီး မြစ် ကြီးနား-ရွှေဘိုပြည်ထောင်စု လမ်း မကြီးယာဘက်တွင် ထော်လာဂျီ မော်တော်ယာဉ်တစ်စီး ခေတ္တတန့် ထားစဉ် ဦးတည်ရာလမ်းအတိုင်း အနောက်မှ အမည်မသိ အသက် (၄ဝနှစ်)ခန့်ရှိ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာ အဆိုပါ ဆိုင်ကယ် မောင်းနှင်သူ အသက်(၄ဝနှစ်)ခန့်ရှိ အမည်မသိ အမျိုးသားတွင် ယာ ဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက် ပြဲဒဏ်ရာနှင့် ခန္ဓာကိုယ် ပွန်းပဲ့ ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး နေရာတွင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူဆိုင် ကယ်မောင်း(အမည်မသိ)အမျိုး သား(၄ဝနှစ်)မှာ နမ္မတီးမြို့ ရွှေဝါ ရပ်ကွက်နေ ဦးဆန်းလွင်(၄ဝ နှစ်)ဖြစ်ကြောင်းစုံစမ်းသိရှိရပြီး ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးဆန်းလွင်(၄ဝနှစ်) အပေါ် မိုးကောင်းမြို့မရဲတပ်ဖွဲ့ စခန်းမှယာဉ်(ပ)၂၅/၂ဝ၁၉၊ ပြစ်မှု ပုဒ်မ၃ဝ၄(က)/၂၇၉အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။