images
UN
UN
နိုင်ငံတကာခရီးသွားဧည့်သည်များ တောင်သမန်အင်းနှင့်ဦးပိန်တံတား နေဝင်ဆည်းဆာအလှ ကြည့်ရှုမှုများပြား
နွေနဒီ(မြစ်ငယ်) Sunday, 17 November 2019
မန္တလေးမြို့အနီး အမရပူရမြို့ တောင်သမန်အင်းနှင့်ဦးပိန်တံတား နေဝင်ဆည်းဆာအလှကို နိုင်ငံ တကာခရီးသွားဧည့်သည်များ လာ ရောက်ကြည့်ရှုမှု များပြားလျက်ရှိ ကြောင်း သိရသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ လက်ရှိကာလ ယမန်နေ့အထိ ညနေပိုင်း ဦးပိန်တံတားနှင့် တောင် သမန်အင်း နေဝင်ဆည်းဆာအလှ ကိုလာရောက်ကြည့်ရှုသည့်ခရီးသွား ဧည့်သည် နေ့စဉ်ခန့်မှန်း ၂ဝဝဝ ကျော်လာရောက်ကြည့်ရှုကြောင်း တရုတ်ဧည့်လမ်းညွှန် ကိုနေမင်းခန့် က ပြောသည်။
၂ဝ၁၉ခုနှစ်တွင် တရုတ်ခရီး သွားဧည့်သည် လာရောက်မှုများ ပြားလာရာမှ လက်ရှိကာလ ယခု လတွင် ဥရောပခရီးသွားဧည့် သည်များပါ လာရောက်မှုများပြား လာကြောင်း ဂျာမန်ဧည့်လမ်းညွှန် မခင်ငြိမ်းသူက ပြောသည်။
မန္တလေးမြို့ရောက်နိုင်ငံတကာ ခရီးသွားဧည့်သည်များမှာ ကုသိုလ် တော်၊ ရွှေကျောင်းကြီး၊ စန္ဒာမုနိ၊ မဟာမုနိ၊ မန္တလေးတောင်၊ ဦးပိန် တံတားနှင့် တောင်သမန်အင်းကို အလေးထား လေ့လာကြသည်။ အမရပူရတွင် နံနက်ပိုင်းအချိန် မဟာဂန္ဓာရုံကျောင်းကို လေ့လာပြီး ညနေပိုင်းတွင် တောင်သမန်အင်း နှင့် ဦးပိန်တံတားနေဝင် ဆည်းဆာ အလှကို ကြည့်ရှုကြသည်။ ဦးပိန် တံတား နေဝင်ဆည်းဆာအလှကို ငှက်လှေစီးကာကြည့်ခြင်းနှင့် ဦးပိန် တံတားပေါ် လမ်းလျှောက်ကာ ခံစားကြည့်ရှုခြင်းများ ပြုလုပ်ကြ သည်။ ဦးပိန်တံတားပေါ်မှ နေဝင် ဆည်းဆာအလှကို ကြည့်ရှုသည့် နိုင်ငံတကာ ခရီးသွားဧည့်သည် များမှာ ဦးပိန်တံတား အလယ်ဇရပ် အထိလမ်းလျှောက်ကာ ကြည့်ရှုကြ ကြောင်း တောင်သမန်အင်းမှ ငှက် လှေအသင်းဥက္ကဋ္ဌကိုစိုးဝင်းကပြော သည်။ လက်ရှိကာလယခုလတွင် ဦးပိန်တံတားနှင့် တောင်သမန်အင်း နေဝင်ဆည်းဆာအလှကိုနိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုမှု များပြားလျက်ရှိသည်။